Main menu

Background

အိန္ဒိယအစိုးရက ဆိပ်ကမ်းရှင်းလင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်

Wed, 03/16/2016 - 15:12 -- journal_editor

     ပို့ကုန်သွင်းကုန် ကုန်စည်များအတွက်ဆိပ်ကမ်းရှင်းလင်းချိန်ကို ထက်ဝက်လျှော့ချရန်နဲ့အိန္ဒိယကုန်သည်များအတွက်လုပ်ငန်းဆောင် ရွက်ချိန်ကိုလျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ရာမှာအကူအညီပေးရန်အစိုးရက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တိုင်းမ်အော့အိန္ဒိယသတင်းမှာဖော်ပြပါတယ်။နယ်နိမိတ်ဖြတ်ကျော်ကုန်သွယ် မှုလုပ်ငန်းများကို ဆောင်ရွက်နေတဲ့ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အနက် အိန္ဒိယနိုင်ငံရဲ့အဆင့်နေရာက အဆင့် ၁၃ မှာရှိ ကြောင်း ကမ္ဘာ့ဘဏ်ရဲ့လေ့လာ ချက်စာတမ်းမှာ ဖော်ပြပါတယ်။ ပို့ုကုန် လုပ်ငန်းရှင်တစ်ယောက်ကပျမ်းမျှခြင်း အားဖြင့်စာရွက်စာတမ်းများ ပြင်ဆင်တာနဲ့ နယ်နိမိတ်ဖြတ်ကျော်ရေးစည်းမျဉ်းဥပဒေများအတွက်ကိစ္စ အ၀၀ ဆောင်ရွက်ရာမှာ နာရီ ၁၅၀ နီးပါးသို့မဟုတ် ခြောက်ရက်ခန့်ကြာပါတယ်။ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေထဲမှာ ဆိပ်ကမ်း၊ အကောက်ခွန်နဲ့ အခြားကြီးကြပ်ထိန်းသိမ်းရေးဆိုင်ရာရုံး လုပ်ငန်းအ၀၀မှသည် ပို့ကုန်ရှင်းလင်း ရေးလုပ်ငန်းအထိ ပါဝင်ပါတယ်။ သွင်း ကုန်လုပ်ငန်းရှင်များအတွက်မူ နာရီ ၃၈၀ သို့မဟုတ် ၁၆ ရက်ကြာမြင့်ပါ တယ်။ နိုင်ငံတစ်နိုင်ငံလုပ်ငန်းဆောင် ရွက်ရလွယ်ကူမှု အဆင့်သတ်မှတ်ချက"Ease of  Doing Business" ရေးသားဖော်ပြရာမှာ ပြဿနာကို အရှိထက် ပိုမိုဖော်ပြထားတယ်လို့ အကောက်ခွန်အရာရှိများက ပြောပေမယ့် ဒီစနစ်တွေ ကိုပြုပြင်ဖို့အတွက် နရိန္ဒရာမိုးဒီအစိုးရ စတင်ဆောင်ရွက် နေပါပြီ။ပြဿနာအရပ်ရပ်ကို စိစစ်ဖော် ထုတ်ရန်အတွက်ဝန်ကြီးအဖွဲ့ အတွင်းဝန်က   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအတွင်းဝန် ရီတာတီးအိုရှားကို ခေါင်းဆောင်စေပြီးခုံအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ စာရွက်စာတမ်း များ ရယူရေးမှသည် စက်ရုံတွင်းထုပ်ပိုးမှု စသည့်လုပ်ငန်းတွေပါဝင်ပါတယ်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပို့ကုန်များကို မိမိစက်ရုံထဲမှာအကောက် ခွန်ရှင်းလင်းမှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။