Main menu

Background

အာဆီယံ+၃ ဘွန်းစာချုပ်ထုတ်ဝေမှု အစီအစဉ်ကို ဖိလစ်ပိုင်က စတင်ဆောင်ရွက်မည်

Thu, 03/17/2016 - 14:13 -- journal_editor

   အာဆီယံ+၃ ရဲ့ ငွေကြေးမျိုးစုံနဲ့  ဘွန်းစာချုပ်ထုတ်ဝေမှုအစီအစဉ်မှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်သူနိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအစီအစဉ်ကအာရှဖွံ့ဖြိုးရေးဘဏ်(Asian Development Bank- ADB)ရဲ့အစီအစဉ်တစ်ခုဖြစ်ပြီး အစီအစဉ်မှာပါဝင်တဲ့နိုင်ငံတွေအချင်းချင်းဘွန်းစာချုပ်အပြန်အလှန်ထုတ်ဝေမှုကိုလွယ်ကူချောမွေ့ စေအောင်အထောက်အကူပေးမှာဖြစ်ကြောင်းမနီလာတိုင်းမ်အွန်လိုင်းသတင်း မှာ ဖော်ပြပါ တယ်။ ယခုမူဘောင်က နှစ်နိုင်ငံအပြန်အလှန်သဘောတူညီချက်သဖွယ်ဖြစ်ပြီး ဒီမူဘောင်အရပါဝင်တဲ့နိုင်ငံတွေမှာရှိတဲ့ကော်ပိုရေးရှင်းတွေက သက်ဆိုင်ရာလက်ခံနိုင်ငံအတွင်းမှာဘွန်းစာချုပ်တွေထုတ်တဲ့အခါ အထူးအခွင့်အ ရေးကိုခံစားခွင့်ရှိမှာဖြစ်ကြောင်းနဲ့လက်ခံနိုင်ငံက အဆိုပါဘွန်းစာချုပ်ကိုလက်ခံဆောင်ရွက်ရမှာဖြစ်ပြီး ကန့်သတ်ချက်များကို အနည်းဆုံးဖြစ်အောင်ထားရှိရမှာဖြစ်ကြောင်း အာမခံစာချုပ်စာတမ်းများနှင့်ငွေကြေး လဲလှယ်ရေး ကော်မရှင်(Securities and Exchange Commission-SEC)မှဥက္ကဋ္ဌ တဲရဲဆီတာဟာဘိုဆာက ပြောပါတယ်။ ဒီအစီအစဉ်ကိုယခုနှစ်အတွင်း အကောင်အထည်ဖော်ဖို့ရည်မှန်းထားပါတယ်။''သဘောတူစာချုပ်မှာ လက်မှတ်ရေး ထိုးပြီးပါဝင်မယ့် နိုင်ငံတွေက တခြားနိုင်ငံတွေရဲ့ ပိုင်နက်မှာဘွန်းစာချုပ်တွေကို အပြန်အလှန်ရောင်းချခွင့် ရှိမှာ ဖြစ်ပါတယ်။ အာဆီယံ+၃ နိုင်ငံတွေအနေနဲ့ ဘွန်းစာချုပ်ထုတ်ဝေခွင့် မှတ်ပုံ တင်လျှောက်ထားမှုကိုလက်ခံမယ့် နိုင်ငံအရေအတွက်ကို ကန့်သတ်ချက်အနည်းငယ်သာထားရှိရမှာဖြစ်တဲ့အတွက် နိုင်ငံစုံအပြန်အလှန်သဘော တူစာချုပ်အဖြစ်ဆောင်ရွက်နိုင်ပါတယ်''လို့ ဟာဘိုဆာကပြောပါ တယ်။အာဆီယံ+၃ (ဂျပန်+တောင်ကိုရီးယား+ တရုတ်) ငွေကြေးမျိုးစုံဘွန်းစာ ချုပ်ထုတ်ဝေမှု မူဘောင်(Ambif) အရ စာချုပ်ထဲမှာပါဝင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာနယ်နိမိတ်တွေထဲမှာ အချင်းချင်းဘွန်းစာချုပ်တွေ အပြန်အလှန် ထုတ်ဝေနိုင်တဲ့ အစီအစဉ်ဖြစ်ကြောင်းSEC ရဲ့ တွဲဖက်ကော်မရှင်နာ အက်ဖီ ရိုလူးဝစ်အမာတောင်က ပြောပါတယ်။