Main menu

Background

တောင်ကိုရီးယားစီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှေးကွေးလာ

Thu, 03/17/2016 - 14:51 -- journal_editor

    ကမ္ဘာ့ဝယ်လိုအား ကျဆင်းခြင်းနဲ့ အတူအဓိကအားဖြင့် တောင်ကိုရီးယား ရဲ့ပို့ကုန်လုပ်ငန်းများကျဆင်းမှုနဲ့ ပြည်တွင်းစားသုံးမှု ကျဆင်းခြင်းတို့ ကြောင့်  တောင်ကိုရီးယား စီးပွားရေးနှေးကွေးကျဆင်းရတယ်လို့ နိုင်ငံတော် အကြံပေးအဖွဲ့ (State-run Think Tank)က မတ် ၇ ရက်ကပြော ကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။''တောင်ကိုရီးယားနိုင်ငံရဲ့ အဓိကစီးပွားရေးညွှန်းကိန်းတွေက ဆက်လက်ကျဆင်းလျက်ရှိတာကို တွေ့ရပြီး စီးပွား ရေးဖွံ့ဖြိုးမှုမှာလည်း တစတစ ကျဆင်းနေတာကိုအချက်ပြသတိ ပေးလျက်ရှိနေပါတယ်''လို့  ကိုရီးယား ဖွံ့ဖြိုးရေးသိပ္ပံ (Korea Development Institute)  က ထုတ်ေ၀ တဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေလစဉ်သုံးသပ် ချက်အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ကမ္ဘာ့စီးပွားရေး   တိုးတက်မှု နှေးကွေးမှုကြောင့် ပို့ကုန်လုပ်ငန်းများကဆက်တိုက်ကျဆင်းနေကြောင်းနဲ့ အဲဒီလိုကျဆင်းတဲ့ အကျိုးဆက်ကြောင့် သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ သင်္ဘောတင်ပို့မှုလုပ်ငန်းတွေဆက်လက်ကျဆင်းခဲ့ရကြောင်း KDI က ဆက်လက်တင်ပြထားပါတယ်။အာရှဒေသမှာ   စတုတ္ထအကြီး မားဆုံးဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံရဲ့ဖေဖော်ဝါရီပြည်ပပို့ကုန်က နှစ်အလိုက် နှိုင်းယှဉ်ရင်   ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၄ လမြောက်အဖြစ် ဆက်တိုက်ကျဆင်းခဲ့ရာ တိုင်းပြည်၏ ကုန်သွယ်မှုသမိုင်းအရှည်ကြာဆုံးကျဆင်းမှုဖြစ်ခဲ့ပါတယ်။ပို့ကုန်လုပ်ငန်းနဲ့ တိုက်ရိုက်ဆက် သွယ်နေတဲ့ စက်မှုလုပ်ငန်းထုတ်လုပ် မှုက ဇန်နဝါရီမှာ လအလိုက်နှိုင်းယှဉ် ရင် ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ ပါတယ်။   အဓိကအားဖြင့် မော်တော်ကားထုတ်လုပ်ရေးနဲ့ သတင်းအချက် အလက်နည်းပညာလုပ်ငန်းရဲ့ထုတ် လုပ်မှုကျဆင်းတဲ့အတွက် ယခုလို ကျဆင်းရတာဖြစ်ပါတယ်။ ကုန်လက် ကျန်နဲ့တင်ပို့မှုအချိုးမှာ  ဒီဇင်ဘာက ၁၂၀ ဒသမ ၆ ရာခိုင်နှုန်း   ရှိခဲ့ရာမှ ဇန်နဝါရီမှာ ၁၂၈ ဒသမ ၄ ရာခိုင်နှုန်း ရှိပါတယ်။