Main menu

Background

CLMV နိုင်ငံများသို့ စင်ကာပူရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့်ဝင်ရောက်

Thu, 03/24/2016 - 11:36 -- journal_editor

    လွန်ခဲ့တဲ့နှစ်  အနည်းငယ်အတွင်း စင်ကာပူကုမ္ပဏီတွေကCLMVကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) နိုင်ငံများသို့ အခိုင်အမာဝင်ရောက်နေရာယူလျက်ရှိရာ အထူးသဖြင့်လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဈေးကွက်များ အတွင်းဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းနေးရှင်းသတင်းမှာဖော်ပြထားပါတယ်။ယနေ့အထိ စင်ကာပူနိုင်ငံကဗီယက်နမ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅၇၀ ခုမှာ ရင်းနှီးမြှုပ်နှံလျက်ရ ှိရာ ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံအနက် တတိယနေရာမှာ ရှိနေပါတယ်။ ဗီယက်နမ်စီမံကိန်းအမျိုးမျိုးတွင် ပါဝင်ရင်းနှီး မြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံ ကိုကျော်လွန် နေပြီး ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ဆင့်တက်ပြုပြင်ခြင်း၊ နည်း ပညာ၊ ကုန်ချောထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ သယ် ယူပို့ဆောင်ရေး၊ သိုလှောင်ရေး  စတဲ့ နယ်ပယ်တွေပါဝင်ကြောင်း ဗီယက်နမ်နယူးစ်သတင်းမှာ ဖော်ပြထားပါတယ်။ဗီယက်နမ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအေဂျင်စီကပြုစုထားတဲ့ကိန်းဂဏန်းများအရ စင်ကာပူအခြေစိုက်စီးပွားရေးလုပ်ငန်းများကစီမံကိန်းသစ် ၃၀ ကိုအကောင်အထည်ဖော်လျက်ရှိပြီး ၂၀၁၆ ခုနှစ် ပထမနှစ် လအ တွင်း ရှိရင်းစွဲ စီမံကိန်းခြောက်ခုမှာ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးခဲ့ပါတယ်။ အသစ်မှတ်ပုံတင်တဲ့ စီမံကိန်းတွေမှာ စုစု ပေါင်းရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာသန်း ၄၇၀ အထိ ရောက်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာ စင်ကာပူနိုင်ငရဲ့ ရင်းနှီးမြှုပ်နှံမှုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ဒုတိယနေရာကရှိနေပြီး ခွင့်ပြုပြီးစီမံကိန်း များရဲ့ စုစုပေါင်းတန်ဖိုးက ဖေဖော်ဝါရီလကုန်စာရင်းအရ အမေရိ ကန်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံရှိပါတယ်။ ၁၉၈၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံတဲ့  နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုစုစုပေါင်းရဲ့ ၂၀ ဒသမ ၅၆ ရာခိုင်နှုန်းရှိပါတယ်။ မြန်မာနိုင်ငံ မှာလာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပြီးရင် ထိုင်းနိုင်ငံက ၂၀၁၄ ခုနှစ်အထိ  ဒုတိယအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ခုနှစ် ရောက်တဲ့အခါ မြန်မာနိုင်ငံအတွင်း စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၇ ဘီလီယံအထိ မြှင့်တင်လာတဲ့အတွက် ထိုင်းနိုင်ငံက တတိယနေရာကိုရောက်ရှိခဲ့ပါတယ်။ စင်ကာပူရဲ့ရင်းနှီးမြှုပ်နှံမှုက ၂၀၁၂-၂၀၁၃ ခုနှစ်ကရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၇၇၅ သန်းနဲ့ နှိုင်းယှဉ်ရင် အဆမတန် မြင့်တက် ခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ရောက် ရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၈ သန်းရှိခဲ့ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုထဲမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၈၃ ဒသ ၇ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်ကရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၅ သန်းကနေ တိုးတက်လာတာ ဖြစ်ပါတယ်။လာအိုနိုင်ငံမှာ စင်ကာပူနိုင်ငံက အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၇၆ သန်းရှိတယ်လို့ စီမံကိန်းနဲ့  ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။               
  ဉာဏ်တင်