Main menu

Background

၂၀၁၅ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီများက တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းရယူမှုမြင့်မား

Thu, 03/24/2016 - 14:55 -- journal_editor

   ၂၀၁၅ ခုနှစ်အတွင်းကတောင်ကို ရီးယား   စီးပွားရေးလုပ်ငန်းများကို တရုတ်ကုမ္ပဏီများက ရှယ်ယာဝယ်ယူကာလွှဲပြောင်းရယူမှု မြင့်မားခဲ့ရာ ယဉ်ကျေးမှုနဲ့ ဘဏ္ဍာရေးကဏ္ဍများက အဓိကပစ်မှတ်သဖွယ် ဖြစ်ခဲ့ကြောင်း မတ် ၁၄ ရက်က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေကို ကိုးကားပြီးယွန်းဟပ်သတင်းမှာဖော်ပြထားပါတယ်။ကိုရီးယားအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်းက  ပြုစုထားတဲ့ ကိန်းဂဏန်းများအရယခင်နှစ်ကတရုတ်ကုမ္ပဏီတွေက တောင် ကိုရီးယား စီးပွားရေးလုပ်ငန်းတွေကိုရှယ်ယာဝယ်ယူပြီးလွှဲပြောင်းရယူတဲ့ (Merger and Acquisition-M&A) သဘောတူ စာချုပ်ပေါင်း ၃၃ ခုရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကရှိခဲ့တဲ့ အရေအတွက်နဲ့နှိုင်းယှဉ် ရင်သုံးဆ မြင့်တက် ခဲ့ပါတယ်။ဒီလိုသဘောတူညီမှုအရ ရရှိခဲ့တဲ့ ငွေကြေးပမာဏက အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၃ ဘီလီယံရှိခဲ့ပါ တယ်။ ၂၀၁၄ ခုနှစ်ကရရှိငွေနဲ့ နှိုင်း ယှဉ်ရင် ၁၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ တယ်။ ဒီပမာဏက  လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်ခုကျော်အတွင်း စုစုပေါင်းရှိခဲ့တဲ့ ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကုမ္ပဏီတွေကိုလွှဲပြောင်းရယူရာမှာအဓိကပစ်မှတ်ထားဆောင်ရွက်တာကကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ ဖြစ်ပေမယ့် ယခု အခါမှာ ယဉ်ကျေးမှုနဲ့ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုအဓိကပစ်မှတ်အဖြစ်ထားရှိဆောင်ရွက်လျက်ရှိပါတယ်။၂၀၁၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းတရုတ်ကုမ္ပဏီတွေကရှယ်ယာ ဝယ်ယူပြီးလွှဲပြောင်းရယူတဲ့ ကုမ္ပဏီ တွေရဲ့ ၅၂ ရာခိုင်နှုန်းကကုန်ထုတ်လုပ်မှု ကုမ္ပဏီတွေ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်က ဖျော်ဖြေရေးနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေက ၇၃ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပါတယ်။