Main menu

Background

ပူပြင်းခြောက်သွေ့မှုကြောင့် ထိုင်းနိုင်ငံရဲ့ ဂျီဒီပီဖွံ့ဖြိုးမှုကျဆင်းနိုင်

Tue, 03/29/2016 - 11:41 -- journal_editor

    ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာဖြစ်ပေါ်တဲ့ပူပြင်းခြောက်သွေ့မှုကြောင့် ၂၀၁၆ ခုနှစ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု(ဂျီဒီပီ)ဖွံ့ဖြိုးမှုနှုန်းမှာ သုည ဒသမ ၈၅ ရာခိုင်နှုန်း ကျဆင်း ပြီး လယ်ယာ စိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍများမှ  ဆုံးရှုံးမှုက ဘတ် ၁၁၉ ဒသမ ၂၈ ဘီလီယံအထိရှိနိုင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်း ခန့်မှန်းတွက်ချက်ရေးစင်တာ (Center for Economic and Business Forecasting) ရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီးနေးရှင်းသတင်းမှာဖော်ပြပါတယ်။ဒါပေမယ့်ပူပြင်းခြောက်သွေ့မှုဖြစ်ပွားတဲ့ကာလအတွင်းစီးပွားရေးတည်တံ့မှုကို အားပေးတဲ့အနေနဲ့ အစိုးရက စီးပွားရေး လှုံ့ဆော်တွန်းအား ပေးအစီအစဉ်အဖြစ် ဘတ်ဘီလီယံ ၆၀ မှ ဘတ် ဘီလီယံ ၁၀၀ အထိ ဆောင်ရွက်ပေးလိမ့်မယ်လို့ စင်တာက ခန့်မှန်းထားပါတယ်။မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ ပူပြင်းခြောက်သွေ့မှုက ဇွန်အထိကြန့်ကြာနိုင်ပြီး လယ်ယာလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ ဝင်ငွေဆုံးရှုံးမှုက ဘတ်  ၁၁၉ ဒသမ ၂၈ ဘီလီယံ ထိရှိမယ်လို့ခန့်မှန်းထားကြောင်းစင်တာရဲ့ညွှန်ကြားရေးမှူးသာနာဝပ်ပွန်ဗီချိုင်းက ပြောပါတယ်။ တိုက်ရိုက်နဲ့သွယ်ဝိုက်ဆုံးရှုံးမှုက စီးပွားရေးကဏ္ဍမှာ ဘတ် ၄၁ ဒသမ ၄၂ ဘီလီယံရှိပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍက ဘတ် ၇၇ ဒသမ ၈၆ ဘီလီယံရှိမယ်လို့ ခန့်မှန်းပါတယ်။မတ် ၇ ရက်မှ ၁၆ ရက်အတွင်းလယ်ယာကဏ္ဍမှ ၁၂၀၀ ဦးကိုပြုလုပ်တဲ့စစ်တမ်းအရယခု နှစ်ပူပြင်း ခြောက်သွေ့မှုကယခင်နှစ်ထက်ပိုမိုပြင်းထန်မယ်လို့သဘောထားမှတ်ချက်ပေးသူ ၅၈ ရာခိုင်နှုန်းရှိပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာပိုမိုဆိုးရွားနိုင်ပြီးကုန်ထုတ်လုပ်မှုစရိတ်၊ ရေအရင်း အမြစ်ရရှိ ရေးကုန်ကျစရိတ်၊ အိမ်ထောင်စုေ<ကးမြီနဲ့ နေ့စဉ်အသုံးစရိတ်တွေမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာထုတ်လုပ်မှုနဲ့လယ်ယာလုပ်ငန်းတွေရဲ့ဝင်ငွေကလည်း ကျဆင်းနိုင်ပါတယ်။စစ်တမ်းအရ တောင်သူလယ်သမား ၈၂ ဒသမ ၁ ရာခိုင်နှုန်းက အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုအဖြစ် အရောင်းအဝယ်လုပ်ငန်းများကိုပြောင်းလဲလုပ်ကိုင်ခြင်း၊ သီးနှံပြောင်းလဲခြင်း၊ စိုက်ပျိုးချိန်ကာလ လျှော့ချ ခြင်း၊ မြို့များသို့ပြောင်းရွှေ့လုပ်ကိုင်ခြင်းနဲ့ အစိုးရစီမံကိန်းများတွင် ပါဝင်ခြင်း စတဲ့လုပ်ငန်း တွေကို ဆောင်ရွက်ကြပါတယ်။ ဒါပေမယ့် ၁၇ ဒသမ ၉ ရာခိုင်နှုန်းက သူတို့ရဲ့ လယ်ယာမြေများ ရေသွင်းစိုက်ပျိုးမှု ဧရိယာ အတွင်း ရှိခြင်း၊ ပူပြင်း ခြောက်သွေ့မှုက ပြင်းထန်မယ်လို့ မယူဆခြင်းနဲ့ အခြားသော အကြောင်းရင်းများကြောင့် အပြောင်းအလဲများကို ဆောင်ရွက်ခြင်းမရှိတာကို တွေ့ရပါတယ်။
UNT