အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီကွန်ဆက်သွယ်ရေးကိရိယာနဲ့စမတ်ဖုန်းထုတ်လုပ်သူZTEကော်ပိုရေးရှင်းအားပို့ကုန်ကန့်သတ်မှုများကို အမေရိကန် ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန်စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြီးတန်းအရာရှိတစ်ဦးရဲ့ပြောကြား ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။မတ်လစောစောပိုင်းက ချမှတ် ခဲ့တဲ့အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကန့်သတ်ချက်များကြောင့် အမေရိကန်ကုမ္ပဏီများက ZTE အတွက် အမေရိကန်မှ ထုတ်လုပ်တဲ့ စက်ကိရိယာနဲ့ စက်အစိတ်အပိုင်းတင်ပို့ရာမှာ ပို့ကုန်လိုင်စင်ရရှိဖို့ အခက်အခဲရှိခဲ့ပါတယ်။လိုင်စင်လျှောက်ထားမှုတွေကို ဝန်ကြီးဌာနက ယေဘုယျအားဖြင့် ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် ZTE က မတ် ဒုတိယပတ်အတွင်းမှာဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အေဂျင်စီမှအဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။''ယခုလိုကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်လည်းကောင်းZTEက အမေရိကန်အစိုး ရကိုပေးခဲ့တဲ့ ကတိကဝတ်များအရလည်းကောင်း လိုင်စင်လျှောက်ထားရာမှာလိုအပ်တဲ့ တချို့အချက်တွေကိုယာယီအားဖြင့် သက်သာခွင့်ပေးခဲ့ပါတယ်။အမေရိကန် အစိုးရကိုပေးထားတဲ့ကတိကဝတ် တွေကိုZTE က လိုက်နာ စောင့် ထိန်းမှ သာ ဆက်လက်ပေးသွားမှာဖြစ်ပါ တယ်''လို့ သူကပြော ပါတယ်။အမေရိကန်နိုင်ငံက ချမှတ်ထား တဲ့ အပြည်ပြည်ဆိုင်ရာစံနှုန်းများကို လိုက်နာသွားမှာဖြစ်ကြောင်းနဲ့ ပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ဆက်လက်ပြီးဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ZTE ကပြောပါတယ်။
Background