Main menu

Background

အင်ဒိုနီးရှားနိုင်ငံတွင် ကြွေးဆုံးများကြောင့် ဆုံးရှုံးနိုင်မှု အန္တရာယ်တည်ရှိနေဆဲဖြစ်

Tue, 03/29/2016 - 13:47 -- journal_editor

   ကြွေးဆုံးများမြင့်တက်လာမယ့်အလားအလာကတည်ရှိနေဆဲဖြစ်တဲ့အတွက်ချေးငွေအတိုးနှုန်းများကျဆင်းလျက်ရှိတဲ့တိုင်အောင်အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်အတွင်းချေးငွေဖွံ့ဖြိုးတိုးတက်မှုနှုန်းထူးထူးခြားခြားဖွံ့ဖြိုး လာမယ့် လက္ခဏာမရှိကြောင်း စတန်း ဒတ်အင်ပူးဝါး ချေးငွေအကဲဖြတ်ရေးအဖွဲ့ရဲ့ လေ့လာချက်စစ်တမ်းကို ကိုးကားပြီးဂျကာတာပို့စ်အွန်လိုင်း သတင်းမှာဖော်ပြပါတယ်။ဘဏ်လုပ်ငန်းကဏ္ဍရဲ့ချေးငွေအရည်အသွေး က ၂၀၁၅ ခုနှစ်မှာကျဆင်းခဲ့သလို ၂၀၁၆ ခုနှစ်မှာ လည်း ဆက်လက်ကျဆင်းဖွယ်ရှိနေတာကို စစ်တမ်းအစီရင်ခံစာအရသိရကြောင်း စတန်းဒတ်အင်ပူးဝါးအေဂျင်စီရဲ့ချေးငွေစိစစ်ရေးမှူးနဲ့ဘဏ္ဍာရေးအဆင့်သတ်မှတ်ရေးဒါရိုက်တာ အီဗန် တန်ကပြောပါတယ်။ကြွေးမြီပေးဆပ်နိုင်မှုအခြေအနေနည်းပါးလာတဲ့Special Mention Loan အရေအတွက်မှာ ၂၀၁၅ ခုနှစ်ကတည်းက မြင့်တက်လာခဲ့တဲ့အတွက် ဘဏ်တွေ မှာရှိတဲ့ သတ်မှတ်ချိန်အတွင်းအတိုးအရင်းပြန်ဆပ် နိုင်ခြင်းမရှိသေးတဲ့ချေးငွေ(Non-Performing Loan-NPL)များမှာဆက်လက်မြင့်တက်လာမယ့် အလားအလာများရှိနေဆဲဖြစ်ကြောင်းသူကပြောပါတယ်။ဒီအခြေအနေကိုကြည့်ခြင်းအားဖြင့်ချေးငွေအရည် အသွေးကဆက်လက် ကျဆင်းမယ့် အလားအလာ ကိုပြနေကြောင်း သူကပြောပါတယ်။ ကြွေးမြီပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှု ကာလရက် ၉၀ နီးပါးရှိနေတဲ့ချေးငွေများဖြစ် တဲ့Special Mention Loans  တွေက ဆက်လက်မြင့်မား နေတဲ့အတွက် သတ်မှတ်ချိန်အတွင်းအတိုးအရင်းပြန်မသွင်းနိုင်သေးတဲ့ချေးငွေစုစုပေါင်းက ယခုနှစ်အတွင်းမှာ သုံးရာခိုင်နှုန်းအထိရှိနိုင်ကြောင်း မတ် ၂၂ ရက်ကပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာသူက ပြောပါတယ်။ဘဏ်တွေ မှာရှိတဲ့NPL ကြွေးမြီတန်ဖိုးစုစုပေါင်းက ဇန်နဝါရီမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာကရှိခဲ့တဲ့ ၂ ဒသမ ၆ ရာခိုင်နှုန်း နဲ့ ဒီဇင်ဘာကရှိခဲ့တဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းတွေနဲ့ နှိုင်းယှဉ်ပါကမြင့်မားနေကြောင်း ဘဏ္ဍာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့(Financial Services Authority-OJK) ရဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။