Main menu

Background

ငွေလုံးငွေရင်းအသုံးစရိတ်ကျဆင်းမှုကြောင့်တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်သားငှားရမ်းမှု လျှော့ချ

Wed, 04/06/2016 - 13:49 -- journal_editor

   တရုတ်ကုမ္ပဏီများရဲ့ငွေလုံး ငွေရင်းအသုံးစရိတ်ကယခုနှစ်ပထမသုံးလပတ်အတွင်းမှာငါးနှစ်အတွင်းအနိမ့်ဆုံးအထိကျဆင်းခဲ့ကြောင်းပုဂ္ဂလိကစစ်တမ်းတစ်ခုကိုကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါ တယ်။ယခုအခြေ အနေကိုကြည့်ခြင်း အားဖြင့်တရုတ်စီးပွားရေးအဆမတန်နှေးကွေးမှုဖြစ်ပေါ်မလာစေရန်အတွက် တရုတ်အစိုးရကမူဝါဒချမှတ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်တဲ့တိုင်အောင်တိုင်းပြည်စီးပွားရေးက ဆက်တိုက်ကျဆင်း လျက်ရှိနေကြောင်းပြသနေပါတယ်။ကုမ္ပဏီများကလုပ် သားငှားရမ်းခန့်ထားမှု ကျဆင်းလျက်ရှိနေပြီး  ငွေကြေးသုံးစွဲမှုကိုလျှော့ချမှုကြောင့်အလုပ်အကိုင်ကျဆင်းမှုမှာ ဒုတိယမြောက်သုံးလပတ်အဖြစ်ရောက်ရှိခဲ့ကြောင်း ပုဂ္ဂလိ က စစ်တမ်းအဖွဲ့ China Beige Book Internatioanl (CBBI)က စီးပွားရေးလုပ်ငန်း ၂၂၀၀ကိုစစ်တမ်းကောက်ယူစိစစ်ချက်အရ သိရပါတယ်။ပထမသုံးလပတ်အတွင်း မတည်ရင်းနှီးငွေတိုးတက်ရင်းနှီးမြှုပ်နှံနိုင်တဲ့ စီးပွားရေး လုပ်ငန်းများမှာ၃၃ ရာခိုင်နှုန်း သာရှိခဲ့ရာ စစ်တမ်းကောက်ယူထားတဲ့ ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ် ပါတယ်။တရုတ်စီးပွားရေးလုပ်ငန်းများ ရဲ့ ရှယ်ယာတန်ဖိုးများမှာလည်း ၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ်နောက်ပိုင်းမှာ ၄၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်ဝင်ငွေရရှိမှုမှာ ပုံမှန်မြင့်တက်လာတဲ့အတွက် ကုမ္ပဏီများရဲ့ ပထမသုံးလပတ်အတွင်းရရှိတဲ့ အမြတ်အစွန်းမှာ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာကြောင်းစစ်တမ်းမှာ ဖော်ပြပါတယ်။
ဉာဏ်တင်-စုစည်းတင်ပြသည်