Main menu

Background

မိုးဒီဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက်ပိုင်း အိန္ဒိ.ယနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုက တရုတ်ရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်

Wed, 04/06/2016 - 14:04 -- journal_editor

   နရိန္ဒရာမိုးဒီ ဝန်ကြီးချုပ်တာဝန်  စတင်ထမ်းဆောင်ချိန်မှစပြီး   အိန္ဒိယ နိုင်ငံမှာအမေရိကန်ပြည်ထောင်စုရဲ့ရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာပြီးတရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်လာကြောင်း အမေရိကန်အစိုး ရရဲ့ ပြောကြားချက်ကိုကိုးကားပြီး   တိုင်းမ်အော့ဖ်   အိန္ဒိယအွန်လိုင်းသတင်းမှာဖော်ပြပါတယ်။''၂၀၁၄ ခုနှစ်မေနောက်ပိုင်းကစပြီးကျွန်တော်တို့နှစ်နိုင်ငံရဲ့ အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွေအနက် နိုင်ငံခေါင်း ဆောင် အဆင့် ဆွေးနွေးပွဲက ခြောက်ကြိမ်ရှိခဲ့ပါတယ်။ မတ်လနောက်ဆုံးပတ်မှာ  ကျင်းပခဲ့တဲ့ နျူကလီးယားလုံခြုံရေးထိပ်သီးဆွေး နွေးပွဲကလည်းအဆင့်မြင့်ခေါင်း ဆောင်များပါဝင်တဲ့ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ အိုဘား မားအစိုးရအဖွဲ့ သက်တမ်းမကုန်မီ နောက်ထပ်ဆွေးနွေးပွဲတွေရှိနေဦးမှာဖြစ်ပါတယ်''လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး နီရှားဒေဆိုင်းဘစ်စဝါက ပြောပါတယ်။''အဓိက  ဦးတည်ချက်ထားတာ က  စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု အတွက်ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေဆက်လက်ရှိနေဦးမှာ     ဖြစ်ပေမယ့်အိန္ဒိယနိုင်ငံအတွင်းမှာ   အမေရိကန်ပြည်ထောင်စုရဲ့ရင်းနှီးမြှုပ်နှံမှုကထူးထူးကဲကဲမြင့်တက်လာနိုင်ပါတယ်။ ယနေ့အခြေအနေအထိ    ကြည့်ရင် အိန္ဒိယနိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုထက်သာ လွန်နေပါတယ်''လို့ သူမကပြောပါတယ်။ အမေရိကန်-အိန္ဒိယ စီးပွားရေးလုပ်ငန်းကောင်စီရဲ့ စာရင်း များအရ အမေရိကန်ကုမ္ပဏီ ၃၀ ခန့်က ၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးမြှုပ်နှံ ထားပါတယ်။ လာမယ့်နှစ်မှာ ကုမ္ပဏီ ၅၀၀ ကျော်က အိန္ဒိယနိုင်ငံမှာ အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံရင်းနှီးမြှုပ်နှံ မှာ ဖြစ်ပါတယ်။