Main menu

Background

ထိုင်းနိုင်ငံတွင် ASEAN SEA FOOD For the World & 11th Asian Fisheries and Aquaculture ဖိုရမ်နှင့်ပြပွဲ ကျင်းပမည်

Tue, 05/03/2016 - 14:47 -- journal_editor

   ငါးနဲ့ရေထွက်ကုန် ကွန်ဖရင့်ကို အာရှပစိဖိတ်ရှိ ရေ ထွက်ကုန်စင်တာများကွန်ရက်မှ (NACA-Network of Aquaculture Centres in Asia-Pacific) ၊ အရှေ့တောင်အာရှ နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစင်တာ (SEAFDEC- South East Asian Fisheries Development Centre) နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ အပါအဝင် အခြားအသင်းများကပူးပေါင်းပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်မှ ၇ ရက်အထိထိုင်းနိုင်ငံ ဗန်ကောက်ရှိ ဗန်ကောက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ကုန်စည်ပြပွဲများစင်တာ (Bangkok International Trade & Exhibition Centre-BITEC ) မှာ ကျင်းပသွားမယ်လို့  အွန်လိုင်းသတင်းများမှာ ဖော်ပြထားပါတယ်။ကမ္ဘာတစ်ဝန်း မှာ ရေထွက်လုပ်ငန်းဆိုင်ရာ  အသင်း အဖွဲ့များ၊  လက်ကားရောင်းဝယ်သူများ၊ ရေထွက်ကုန်ထုတ် လုပ်သူ အများအပြား ပါဝင်ပြသကြမယ်လို့ သိရပါတယ်။ကွန်ဖရင့်ကို သြဂုတ် ၃ ရက်မှ ၆ ရက်အထိ လည်း ကောင်း၊ ကုန်သည် များ နဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ ကို သြဂုတ် ၄ ရက်မှ ၅ ရက်အထိလည်းကောင်း ၊ အများပြည်သူ လူထုကို သြဂုတ် ၅ ရက် မွန်းလွဲပိုင်းမှ ၆ ရက် ည ၂၀း၀၀ ချိန် အထိလည်းကောင်း ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
MIRT