Main menu

Background

လူကြိုက်အများဆုံး လေကြောင်းလိုင်းအဖြစ် အာရှလေကြောင်းလိုင်း Vietjet ရရှိ

Tue, 05/03/2016 - 14:57 -- journal_editor

   ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် ရွှေနဂါးပွဲတော်ဆုချီးမြှင့်ပွဲနှင့် ဗီယက်နမ်၏အကောင်းဆုံးအမှတ်တံဆိပ်ချီးမြှင့်ပွဲတွင် အာရှ၏လူကြိုက်အများဆုံးတန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Vietjet သည် ဗီယက်န မ်နိုင်ငံ၏  အကောင်းဆုံးအမှတ်တံဆိပ်နှင့် တိုင်းပြည်အတွင်းလူကြိုက်အများဆုံးလေကြောင်း လိုင်းတစ်ခုအဖြစ်  ချီးမြှင့်ခြင်းခံခဲ့ရကြောင်း Vietjet  ၏ သတင်းထုတ်ပြန်ချက်များ အရသိရသည်။နှစ်စဉ်ကျင်းပသည့် ဗီယက်နမ်၏ အကောင်းဆုံးအမှတ်တံဆိပ်ချီးမြှင့်ပွဲသည် နာမည်ကျော် Vietnam Economic Time Publicationနှင့် ကုန်သွယ်စီးပွားဌာန စိတ်(စက်မှုနှင့်ကုန်သွယ်ဝန်ကြီးဌာန)တို့မှ စတင်ကြီးမှူးကျင်းပသောပွဲဖြစ်သည်။ထိုဆုကို ကုန်ထုတ်လုပ် မှု၊ ဝန်ဆောင်မှု၊ နည်းပညာဆိုင်ရာ ဖြေရှင်းမှု၊ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့အပြင်လူမှုအသိုင်းအဝိုင်းတိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပါဝင်မှုအားကောင်းသောနာမည်ရစီးပွားရေးလုပ်ငန်းများအကြားရွေးချယ်ခြင်းဖြစ် သည်။Viet- jet သည် လက်ရှိတွင် ပြည်တွင်းနှင့် ပြည်ပ အဖွဲ့အစည်းများမှ အသိအမှတ်ပြုဆုတံဆိပ်များစွာရရှိထားပြီး ထိုဆုများထဲတွင် ဗီယက်နမ်၏ အကောင်းဆုံးလုပ်ငန်းခွင်ဆု၊PATA  ရွှေတံဆိပ် TTG Travel Award မှပေးအပ်သော ၂၀၁၅ ခုနှစ်၏ အကောင်းဆုံးအာရှတန်ဖိုးနည်းလေကြောင်းလိုင်းဆု၊ရေရှည်ဖွံ့ဖြိုး တိုးတက်မှုလုပ်ဆောင်သည့် ထိပ်သီးအမှတ်တံဆိပ်ဆု ၂၀၊တစ်နှစ်တာ အကောင်း ဆုံးစီးပွားရေးလုပ်ငန်းဆု (လေကြောင်းလိုင်းကဏ္ဍ)၊Defence and Transport by Asia-Pacific Stevie Awards 2015 တို့ပါဝင်ကြောင်း သိရသည်။
မယ်သီတာ