Main menu

Background

SCG က အာဆီယံတွင် ပထမဦးဆုံးသော သရီးဒီပရင့်တင်းနည်းပညာဖြင့် ပြုလုပ်ထားသည့် ဘိလပ်မြေဆောက်လုပ်မှုပုံစံအား မိတ်ဆက်

Tue, 05/03/2016 - 15:06 -- journal_editor

  SCG သည်အာဆီယံတွင် ပထမဦးဆုံးသောသရီးဒီပရင့်တင်းနည်းပညာဖြင့် ပြုလုပ်ထားသည့် ဘိလပ်မြေဆောက်လုပ်မှုပုံစံအား Architect'16  ပြပွဲတွင်မိတ်ဆက် ပြသခဲ့ကြောင်းသိရသည်။အဆိုပါပြပွဲကို ထိုင်းနိုင် ငံ၊ မြောင်သောင်ဌာနီရှိ  Challenger Hall  တွင် ဧပြီ ၂၆ ရက်မှ မေ ၁ရက်အထိ ပြသ ခဲ့ ကြောင်းSCG ၏သတင်းထုတ်ပြန်ချက်များအရသိရသည်။SCGဘိလပ်မြေ-ဆောက်လုပ်ရေးပစ္စည်းများ၏ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဒါရိုက်တာMr. Sanit Ketsuwan က Architect'16 ပြပွဲမှာဆိုရင်SCG ကDiscover Next By SCG Experienceဆိုတဲ့အယူအဆနဲ့ အိမ် တွင်းအလှဆင်ရေး တီထွင်ဖန်တီးမှုနဲ့နည်းပညာတွေကိုပြသထားပါတယ်။ သရီးဒီပရင့်တင်းနည်းပညာနဲ့ ပြုလုပ်ထားတဲ့ ၂၁ရာစု ဃ လိုဏ်ဂူဟာဆိုရင် အာဆီယံမှာပထမဦးဆုံးသရီးဒီပရင့်တင်းနည်းပညာနဲ့ပြုလုပ်ထားတဲ့ဘိလပ်မြေအဆောက် အအုံသစ်ဖြစ်ပြီး သုံးမီတာအထက် မြင့်မားပါတယ်''ဟု ပြော ကြားခဲ့သည်။ှSCG ဘိလပ်မြေအနေဖြင့် အဆင့်မြင့်နည်းပညာများ ဖြင့် တီထွင်ဆန်းသစ်ထားသည့်  ဘိလပ်မြေအမိုးပြားများ၊ ဘုတ်ပြားများ၊ သက်ကြီးရွယ်အိုများအား လဲကျခြင်းမှကာ ကွယ်ပေးမည့် အသုံးအဆောင်ပစ္စည်းများကို ဖန်တီးထုတ် လုပ်ထားပြီး အဆိုပါပြပွဲတွင် ထည့်သွင်းပြသခဲ့ကြောင်း သိရ သည်။
မယ်သီတာ