Main menu

Background

စားသုံးသူသုံးစွဲမှုနဲ့ ကုန်သွယ်မှုကျဆင်းမှုကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ပထမသုံးလပတ် စီးပွားရေးဖွံ့ ဖြိုးမှုကို ထိခိုက်

Thu, 05/05/2016 - 15:12 -- journal_editor

   ပြည်တွင်းဝယ်လိုအားအေးလာ ခြင်းနဲ့ ဒေါ်လာတန်ဖိုးခိုင်မာမှုက ပို့ကုန် ကို ဆက်လက်ကျဆင်းစေတဲ့အတွက်အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေး ဖွံ့ဖြိုးမှုကပထမသုံးလပတ်မှာ တုံ့ဆိုင်းနေမယ့်အလားအလာရှိနေပါ တယ်။ ဒါပေမယ့် အလုပ်သမားဈေးကွက်မြင့်မားမှုကြောင့် စီးပွားရေးလုပ် ငန်းတွေပြန်လည်မြင့်တက်လာမယ်လို့ခန့်မှန်းထားကြောင်းရိုက်တာသတင်းမှာဖော်ပြပါတယ်။ရိုက်တာသတင်းဌာနကကောက်ယူထားတဲ့စစ်တမ်းအရ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ)ရဲ့နှစ်စဉ်အလိုက်တိုးတက်နှုန်းက၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုသုံးလ ပတ်မှာသုည ဒသမ ၇ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ပါတယ်။ရေနံဈေးနှုန်းကျဆင်းမှုက ရှလမ်ဘာဂါနဲ့ဟေလီဘတ်တန်တို့လိုရေနံကုမ္ပဏီကြီးများရဲ့   အကျိုးအမြတ်ကိုထိခိုက်စေတဲ့အတွက်   စီးပွားရေးဖွံ့ဖြိုးမှုကို   ထိခိုက်စေတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေရဲ့အသုံးစရိတ်ကို အားနည်းကျဆင်းစေပါတယ်။''စီးပွားရေး ဒုက္ခရောက်နေတယ်ဆိုတဲ့သဘောမျိုးကျွန်တော် မယူဆပါဘူး။    ပထမသုံးလပတ်မှာ အလုပ် အကိုင်ရရှိမှုက ထူးထူး ခြားခြား တိုးတက်နေပါတယ်။ယခင်လက ပြုလုပ်ခဲ့တဲ့  စစ်တမ်းတွေအရ  ဒုတိယ သုံးလပတ်မှာလည်း စီးပွားရေး ပိုမိုတိုးတက်ခိုင်မာလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်''လို့  တိုရန်တိုမြို့ရှိ Capital Economics မှအမေရိကန် စီးပွားရေးပညာရှင်ပေါလ်အက်ရှဝပ် ကပြောပါတယ်။ဧပြီ ၂၇ ရက်ကကျင်းပတဲ့မူဝါဒ အစည်းအဝေးနောက်ပိုင်း အမေရိကန် ဗဟိုဘဏ်ကအမေရိကန်စီးပွားရေး လုပ်ငန်းတွေနှေးကွေးနေတာကို အသိ အမှတ်ပြုခဲ့ပြီး အလုပ်သမားဈေးကွက် အခြေအနေကတိုးတက်မှုရှိတယ်လို့ သုံးသပ်ပါတယ်။