Main menu

Background

အီးစီဘီရဲ့ စီးပွားရေးတွန်းအားပေးအစီအစဉ်က ထွန်းသစ်စ ဈေးကွက်များအတွက် အပြုသဘောအကျိုးသက်ရောက်

Thu, 05/05/2016 - 15:24 -- journal_editor

  ယူရိုဇုန်ရဲ့ စီးပွားရေးကို တွန်း အားပေးမြှင့်တင်နိုင်ဖို့အတွက် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က ငွေကြေးစာချုပ်စာတမ်းတွေဝယ်ယူမယ့် အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ဖိလစ်ပိုင်နိုင်ငံအပါ အဝင်ထွန်းသစ်စနိုင်ငံများအတွက်အပြုသဘောအကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ် (Bank Sentral ng Philipinas-BSP) ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီးဖိလစ်ပင်းသတင်းမှာ ဖော်ပြပါတယ်။''ဒီမူဝါဒ က အီးယူစီးပွားရေး ဖွံ့ဖြိုးမှု အတွက် စွမ်းဆောင်မှုပေး နိုင်သလို အီးယူရဲ့  ကုန်သွယ်ဖက်တွေ ဖြစ်တဲ့ထွန်းသစ်စဈေးကွက်တွေ အတွက်လည်း အပြုသဘော အကျိုးသက်ရောက်မှုတွေ   ဖြစ်ပေါ်စေနိုင်ပါတယ်''လို့ BSP အုပ်ချုပ် ရေးမှူး အမန် ဒိုတဲတန်ကိုက ပြောပါတယ်။စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းနေတာကို တိုက်ဖျက်ဖို့အတွက် ချမှတ်ထားတဲ့အစီ အမံတွေအနက်တစ်ခုအဖြစ် ခြောက်လ နဲ့ နှစ် ၃၀ အတွင်းအချိန်စေ့ရောက် တော့မယ့် ကုမ္ပဏီဘွန်းစာချုပ်တွေကို အီးစီဘီကဇွန်မှစပြီး ဝယ်ယူဖို့ အီးစီဘီဥက္ကဋ္ဌမာရီယိုဒရပ်ဂီက ဧပြီ ၂၁ ရက်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မတ်လမှာအမေရိကန်ပြည်ထောင်စုရဲ့ အိမ်ဈေးတွေ ပြန်လည်မြင့်တက်ခဲ့ပါ တယ်။  မာရီယိုဒရပ်ဂီရဲ့ ကြေညာချက် ကြောင့်ဖြစ်ရတဲ့  ဂယက်ဟာ အမေ ရိကန်ပြည်ထောင်စုမှ  သတင်းကောင်း တွေထွက်လာပြီးနောက် မှေးမှိန်သွား စေခဲ့ကြောင်း တဲတန်ကိုကပြောပါ တယ်။