Main menu

Background

တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Tue, 05/09/2023 - 15:58 -- journal_editor

ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၉  ဒသမ ၉၈၀ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၄၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၈၂၀ဝ ကျော်၊  မလေးရှားနိုင်ငံမှ တန်ချိန် ၆၅၀ဝ ကျော်၊ အိုမန်နိုင်ငံမှ တန်ချိန် ၅၀ဝ၀ ကျော်၊ ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၃၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေ သြဇာ တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရ သည်။
နယ်စပ်ကုန်သွယ်မှုမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိကာလ အတွင်း အမေရိကန် ဒေါ်လာ ၁  ဒသမ ၂၃၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၃၈၀ဝ ကျော် တင်သွင်းခဲ့သည်။ တင် သွင်းမှုများအနေဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၃၇၀ဝ ကျော်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှဓာတ်မြေ သြဇာ တန်ချိန် ၂၃၀ဝ ကျော် ပိုမို တင်သွင်းခဲ့ကြောင်း သိရ သည်။
နယ်စပ်ကုန်သွယ်မှုမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်ထိကာလ အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၄၀၇  သန်း တန်ဖိုး ရှိ ဘိလပ်မြေတန်ချိန်  ၅၀ဝ၀ ကျော်  ထိုင်းနိုင်ငံမှ တင်သွင်း ခဲ့သည်။  အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေ တန်ချိန် ၂၆၀ဝ ကျော်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)