Main menu

Background

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် Open AI က အကောင်းမြင်

Wed, 06/21/2023 - 13:44 -- journal_editor

ChatGPT ထုတ်လုပ်သူ OpenAI  ၏ အမှု ဆောင်အရာရှိချုပ်သည် ဇွန် ၁၂ ရက်တွင် တရုတ်နိုင်ငံ၏ မြို့ကြီးများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဉာဏ်ရည်တု(AI) ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာ များနှင့်ပတ်သက်ပြီး ၎င်းအား အကောင်းမြင်စေသည်ဟု ပြောကြားခဲ့သည်။  Microsoft  ကျော ထောက်နောက်ခံပြုထားသော startup သည် AI  ကို စိတ်ဝင်စားပြီး နည်းပညာအပေါ် သြဇာလွှမ်း မိုးရန်  ကြိုးပမ်းနေသည့် အရာတစ်ခုဟု သုံးသပ် ထားသည်။
"ကျွန်တော် ဒီခရီးစဉ်ကို လာခဲ့ချိန် ကာလတိုအတွင်းမှာ ဖြစ်နိုင်ခြေရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရနိုင်မလားလို့ သံသယ ဖြစ်မိပါတယ်။ ဒါပေမဲ့ အခုခရီးစဉ်ကို ပြီးမြောက် အောင်လုပ်ဆောင်နိုင်ခဲ့ပြီး အားလုံးက အကောင်းဝါဒ ရှိခဲ့တာကြောင့် ဒါဟာ AI အတွက် ကောင်းတဲ့ အလားအလာတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်" ဟု OpenAI  ၏  အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sam Altman က ပြောခဲ့သည်။ 
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျောင်းသားများ နှင့် စည်းကမ်းထိန်းသူများသည် လက်ရှိစည်းမျဉ်း များကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင် နေပြီး စာသားနှင့် ရုပ်ပုံများကို  ဖန်တီးနိုင်သည့် မျိုးဆက်သစ် AI  ကို အသုံးပြုမှုအား အုပ်ချုပ်ရန် လမ်းညွှန်ချက်အသစ်များ  ဖန်တီးကာ လုပ်ငန်း အများအပြားကို ပြန်လည်ပုံဖော်ရန် ပြင်ဆင်နေကြသည်။
ဥရောပသမဂ္ဂသည် ၎င်း၏ AI  အက်ဥပဒေ မူကြမ်းကို ယခုနှစ်တွင် ဖြစ်လာရန် မျှော်လင့်ထားသော်လည်း   အမေရိကန်ပြည်ထောင်စုသည် ဥပဒေအသစ်များ ဖန်တီးခြင်းထက် AI အတွက် တည်ဆဲဥပဒေများကို လိုက်လျောညီထွေဖြစ်စေ ရန် ဦးတည်နေချိန်တွင် AI အက်ဥပဒေမူကြမ်းကို ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။
OpenAI ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Sam Altman  သည် ၂၀၂၃ ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံကာ နိုင်ငံအတွင်း ရုံးခန်းဖွင့်လှစ်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြ ထားသည်။
ဂျပန်နိုင်ငံသည် ၎င်း၏ ထုတ်လုပ်ရေးတွင် အလေးမထားသော automation နည်းပညာတွင် ရင်းနှီးမြှုပ်နှံထားသော်လည်း သုံးစွဲသူများအကြား စိတ်အားထက်သန်မှုကို ဖန်တီးပေးသည့်  AI  ဝန်ဆောင်မှု အမျိုးအစားများတွင် နောက်ကျကျန် နေသေးသည်ဟု ရှုမြင်ထားသည်။
Source; channelnewsasia

စိုင်းဗညား