Main menu

Background

ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရရှိ

Mon, 07/17/2023 - 10:36 -- journal_editor

ဆန်
ဇွန် ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၂၆၃၉၀ ကျော် တင်ပို့ကြောင်းသိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန် ချိန် ၂၄၉၅၀ ကျော် တင်ပို့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၂၀ ကျော်တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ ပိုလန်နိုင်ငံသို့ ဆန်တန် ချိန် ၄၇၇၀ ကျော်၊ တူကီယေးနိုင်ငံသို့ ဆန်တန်ချိန် ၄၃၆၀၊ စပိန်နိုင်ငံသို့ဆန် ၃၂၂၅ တန်၊ ဘယ်ယ်ဂျီယံနိုင်ငံသို့  ဆန် ၂၃၇၅ တန်၊ ဂျာမနီနိုင်ငံသို့ဆန် ၁၉၃၅ တန်၊ ဘူလ်ဂေးရီးယား နိုင်ငံသို့ဆန် တန်ချိန် ၁၁၉၀ ကျော်၊ ပေါ်တူဂီနိုင်ငံသို့ ဆန် တန်ချိန် ၁၅၀ဝ၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ဝ၊ လစ်သူ ရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၀၊ ဟန်ဂေရီနိုင်ငံသို့ ဆန်တန်ချိန် ၈၀ဝ၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန် ၆၇၅ တန်၊ ချက်နိုင်ငံသို့ဆန် ၅၁၄ တန်၊ ဂရိနိုင်ငံသို့ ဆန် ၃၇၅ တန်၊ လက် ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၃၀ဝ၊ နယ်သာလန်နိုင်ငံသို့ ဆန် တန်ချိန် ၂၅၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန် ၁၂၅ တန်နှင့် အခြားဥရောပနိုင်ငံများသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။
အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံသို့ ဆန် ၁၀၄၅ တန်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၂၃၀ ကျော်၊ စင်ကာပူ နိုင်ငံသို့ဆန် ၉၈ တန်ကျော်နှင့် သြစတြေးလျနိုင်ငံသို့ ဆန်တန် ချိန် ၅၀ တင်ပို့မှုရှိခဲ့သည်။
ယခုလတွင်  မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၀၂ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၁၃၀ဝ ကျော် တင်ပို့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း နည်းလမ်းနှစ်သွယ်မှ ဆန်တန်ချိန် ၂၇၆၉၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၀၂ သန်းကျော် ရရှိခဲ့သည်။
ယခင်လ ဆန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၅၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။
ဆန်ကွဲ
၂၀၂၃ ခုနှစ်  ဇွန်လအတွင်း   ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄၅၆ သန်းတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၃၃၄၂၀ ခန့်တင်ပို့မှုရှိကြောင်းသိရသည်။ တင်ပို့မှု အနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲ ၂၈၃၂၈ တန် နှင့် အာရှနိုင်ငံများသို့ ဆန်ကွဲ တန်ချိန် ၅၀၉၀ ကျော် တင်ပို့ ခဲ့သည်။
ဆန်ကွဲတင်ပို့မှုအများဆုံးနိုင်ငံများမှာ ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်ကွဲ ၁၁၉၅၀ တန်၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၉၆၀ဝ၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၀ဝ၀၊ ပိုလန် နိုင်ငံသို့  ဆန်ကွဲတန်ချိန် ၁၃၇၀၊   လစ်သူရေးနီးယားနိုင်ငံ ဆန်ကွဲတန်ချိန် ၄၀ဝ၊ ပေါ်တူဂီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ ကျော်၊  ချက်နိုင်ငံသို့ ဆန်ကွဲ၂၉၅ တန်၊  အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ နှင့် ယူနိုက်တက်ကင်းဒမ်းသို့ ဆန်ကွဲ တန်ချိန် ၂၀ဝ တင်ပို့သည်။ အာရှနိုင်ငံများဖြစ်သော တရုတ် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၉၁၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲ ၁၇၇ တန် တင်ပို့သည်။
ယခုလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲ ၁၁၁၃၈ တန် တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၄ ဒသမ ၃၉၉ သန်း ရရှိခဲ့သည်။  နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲ ၄၄၅၅၈ တန်တင်ပို့ပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈၅၅ သန်းရရှိသည်။  ယခင်လ  တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၀ဝ၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့သည်။ 
ယခုလဆန်နှင့်ဆန်ကွဲ တင်ပို့မှုတန်ချိန် ၇၂၂၄၀ ရှိပြီး တန်ဖိုး အမေရိ ကန်ဒေါ်လာ ၃၁ ဒသမ ၄၅၇ သန်းရရှိသည်။
အေးအေးသန့်(DOT)