ကင်ညာနိုင်ငံသည် ဈေးကွက်အတွင်းသို့ မလိုလားအပ်သော ထုတ်ကုန် များ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ထောပတ်သီးနှင့် မက္ကဒေးမီးယား တင်ပို့မှုကို ဆိုင်းငံ့ထားကြောင်း ကင်ညာအာဏာပိုင်များက ကြေညာခဲ့သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ အတွင်းဝန် Andrew Karanja က ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် မက္ကဒေးမီးယား တင်ပို့မှု နှင့် ရိတ်သိမ်းမှုတားမြစ်ချက်ကို နိုဝင်ဘာလ ၂ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၁ ရက်အထိ စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုန်သည်များသည် စစ်ဆေးခြင်း၊ အတည်ပြုခြင်းနှင့် ရှင်းလင်းခြင်းအတွက် ၎င်းတို့၏ လက်ရှိစတော့ရှယ်ယာများကို နိုဝင်ဘာ ၁၅ ရက်အထိ နောက်ဆုံးထားပြီး တင်သွင်းရမည် ဖြစ်ကြောင်းkaranja က ပြောကြားခဲ့သည်။
မလတ်ဆတ်သော မက္ကဒေးမီးယား အခွံမာသီးများကို ရိတ်သိမ်းခြင်း ပြုပြင် ခြင်းနှင့် တင်ပို့ခြင်းသည် ကမ္ဘာ့ဈေးကွက်တွင် ကင်ညာမှ ထွက်ကုန်များ၏ စွမ်း ဆောင်ရည်ညံ့ဖျင်းမှုကိုသိသာစေပြီး ထိုသို့ဆိုင်းငံ့လိုက်ခြင်းသည် ကင်ညာနိုင်ငံ တကာ ဈေးကွက်ကို တည်တံ့စေပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရွယ်မရောက် သေးသော သီးနှံများ ရိတ်သိမ်းခြင်းကြောင့်ဖြစ်ရသည့် သီးနှံလည်ပတ်မှု အဟန့် အတားများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
AFA မှ သစ်သီးဝလံ အနည်းငယ်ကိုသာ လေကြောင်းဖြင့် တင်ပို့ခွင့်ပြုထား သော်လည်း ရေကြောင်းမှ တင်ပို့ခြင်းကို ဆိုင်းငံ့ထားမှုသည် အောက်တိုဘာ ၂၅ ရက်က စတင်ခဲ့ကြောင်း သိရသည်။ ကင်ညာသည် အခွံမာသီးနှင့် သစ်သီးအခြောက် များကို အဓိကအားဖြင့် အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် တရုတ်နိုင်ငံသို့ တင်ပို့ လျက်ရှိပြီး ထောပတ်သီးအား အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
Source : capitalfm
ဟန်ကိုကျော် DOCA YGN