မလေးရှားနှင့် တရုတ်နိုင်ငံတို့ အကြား စက်မှုပူးပေါင်းဆောင်ရွက်မှု သည် ဘုံဖွံ့ဖြိုးတိုးတက်မှုများအတွက် အခွင့်အလမ်းသစ်များ ပေးဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ တိုးတက်နေသော ဈေး ကွက်သည် မလေးရှားနိုင်ငံ၏ စားအုန်း ဆီလုပ်ငန်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း မလေးရှား အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် ကုန်စည်ဒိုင် ဒုတိယဝန်ကြီး ဃ့ညေ င်္သသညါ ံငည က နှစ်နိုင်ငံသည် မြင့်မားသော အဆင့်ဖလှယ်မှုများကို ထိန်းသိမ်းထား ပြီး ပိုမိုခိုင်မာသော ကုန်သွယ်မှုလုပ်ငန်း များကို မြှင့်တင်ကာ ကဏ္ဍများစွာတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိစေခဲ့ ကြောင်း ပြောကြားခဲ့သည်။
ကိန်းဂဏန်း အချက်အလက်များ အရ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံ ကုန် သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၂၁၂ ဘီလီယံအထိ ရောက်ရှိခဲ့ ပြီး တရုတ်သည် မလေးရှား၏ အကြီး ဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၆ နှစ် ဆက်တိုက် ရပ်တည်ခဲ့ကြောင်း ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံသည် မလေး ရှားစားအုန်းဆီ၏ အရေးကြီးဆုံး ဈေး ကွက်များအနက် တစ်ခုဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ မလေး ရှား၏ စားအုန်းဆီတင်ပို့မှုသည် ရင်းဂစ် ၁၀ ဒသမ ၅၇ ဘီလီယံ (ဒေါ်လာ ၁၇ ဒသမ ၄ ဘီလီယံခန့်) ရှိကြောင်း ဃ့ညေ က ပြောကြားခဲ့သည်။
Source: Khmer Times
Lynn (DOCA YGN)