၂၀၂၅ ခုနှစ်၏ ပထမ သုံးလပတ်ကာလတွင် ဗီယက်နမ် ပြည်တွင်းဆိုင်ကယ်ဈေးကွက်သည် သိသာစွာနာလန်ထူလာခဲ့ ပြီး အစီးရေ ၆၇၃၀ဝ၀ ရောင်းချခဲ့ရကာ ၂၀၂၄ ခုနှစ် တူညီသည့် ကာလထက် ၁၁ဒသမ၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရ သည်။
လျှပ်စစ်ဆိုင်ကယ်များ မိတ်ဆက်မှုနှင့် ဆန်းသစ်တီထွင် သော အရောင်း မြှင့်တင်သည့်ဗျူဟာများက ရောင်းချမှုအရှိန်မြှင့် တင်ပေးနိုင်ရုံမက ဝယ်ယူသူများ၏ ဦးစားပေးမှုကို ပြန်လည် ပုံဖော် ပေးနိုင်ခဲ့ကြောင်းနှင့် ဗီယက်နမ် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူများအသင်း၏ တင်ပြချက်အရ ၎င်းတို့၏ အဖွဲ့ဝင် ငါးခုဖြစ်သည့် ံသညေိ ဠငနအညော၊ ေ့ောေ့ သြအသမ ဠငနအညော၊ ဏငေါငသ ဠငနအညော၊ ဠငနအညော ှကဖကုင နှင့် ြှ့ ဠငနအညော တို့ သည် မော်တော်ဆိုင်ကယ် ၁၀ဝ နီးပါး မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းများမှာလည်း အမေရိကန်ဒေါ်လာ ၇၂၀ မှ ၄၈၀ဝ၀ ထိရှိပြီး လိုအပ်ချက်များအတွက် ကျယ်ပြန့်သော ရွေး ချယ်မှုကို ပေးစွမ်းနိုင်ကြောင်း သိရသည်။ ထိုသို့ ကွဲပြားခြားနား စွာ ကမ်းလှမ်းနိုင်မှုသည် ဈေးကွက်၏ ကွဲပြားသော ကဏ္ဍများ ကို ဆွဲဆောင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းစဉ် ဆက်မပြတ် ကြီးထွားမှု တွင် အလွန်အရေးပါကြောင်း သိရသည်။
ံသညေိ ဠငနအညော သည် ဈေးကွက်တွင် အဓိကနေရာ၌ ဆက်လက်ဦးဆောင်နေပြီး ဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုန်း ကျော်ရရှိထားကြောင်း သိရသည်။ ကုမ္ပဏီသည် မတ်လတွင် ပြည်တွင်း၌ အစီးရေ ၂၀၂၅၄၆ စီး ရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ် မတ်လနှင့်နှိုင်းယှဉ်ပါက ၅၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း သိရသည်။
အဆိုပါမြင့်တက်လာမှုသည် အမှတ်တံဆိပ် အားကောင်း မှုနှင့် ဗီယက်နမ် ပြည်သူများ၏ ဦးစားပေးမှုတို့ကြောင့် ဖြစ် ကြောင်း သိရ သည်။ ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်ကာလတွင် ဗီယက်နမ် မော်တော်ဆိုင်ကယ်ဈေးကွက်အတွက် အဓိက မောင်းနှင်အားမှာ မော်ဒယ်များကွဲပြားမှုနှင့် ဈေးနှုန်းများကြောင့် ဖြစ်ကြောင်း သိရ သည်။ ှသကမခန ါ် ဠငနအညော ဏူကျယ
မြသူ (DOCA YGN)