Main menu

Background

ဖိလစ်ပိုင်နိုင်ငံ သကြားထုတ်လုပ်မှု မူလခန့်မှန်းချက်ထက် ၅ ရာခိုင်နှုန်းခန့် ပိုမိုဖွယ်ရှိ

Tue, 06/03/2025 - 11:22 -- journal_editor

ဖိလစ်ပိုင်နိုင်ငံ၏ သကြားထုတ်လုပ်မှုသည် မူလခန့် မှန်းထားသည့် တန်ချိန် ၁ ဒသမ ၇၈၂ သန်းမှ ၅ ရာခိုင်နှုန်းခန့် ပိုမိုလျက် ၂၀၂၄-၂၀၂၅ သီးနှံရာသီတွင် တန်ချိန် ၁ ဒသမ ၈၃၇ သန်းထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
သကြားလုပ်ငန်းနယ်ပယ်၏   နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကြံတစ်တန်မှ သကြား ကြိတ်ဝါးထွက် ရှိမှုနှုန်း လျော့နည်းသော်လည်း စိုက်ပျိုးမှုဧရိယာ တစ်ဟက် တာ၏ ကြံတန်ချိန် အထွက်နှုန်း မြင့်မားသည့်အတွက် စုစု ပေါင်း သကြားတန်ချိန် ၁ ဒသမ ၈၁၅ သန်း ထွက်ရှိနိုင်မည် ဟု ဖိလစ်ပိုင်သကြားထုတ်လုပ်မှု စီမံခန့်ခွဲရေးအဖွဲ့ (ျွှဗ) က ပြောကြားခဲ့သည်။
အဆိုပါSRA ၏ စီမံခန့်ခွဲရေးမှူး Pablo Azcona  က ၂၀၂၂ ခုနှစ်မှစတင်၍ သကြားဈေးနှုန်း တည်ငြိမ်အောင် အဖွဲ့၏ ကြိုးပမ်းအားထုတ်မှု ရလဒ်အဖြစ် ယခုကဲ့သို့ တိုး တက်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သူများအတွက် သင့် တင့်မျှတသည့် အရောင်းဈေးနှုန်း ရရှိစေရန် ဆောင်ရွက်ပေး ထားခြင်းက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ထိခိုက် ပျက်စီးသွားသည့် ကြံစိုက်ခင်းများကို SRA၏ ကြံမျိုးကွဲ အသစ်များဖြင့် ပြန်လည်စိုက်ပျိုးရန် တွန်းအားဖြစ်စေခဲ့ ကြောင်း၊ အဆိုပါဈေးနှုန်းသည် သကြားထုတ်လုပ်မှုနယ်ပယ်၌ ပါဝင်လုပ်ကိုင်နေကြသူများအတွက်  ထုတ်လုပ်မှု ကုန်ကျ စရိတ်ကြီးမြင့်မှုကို  ခုနှိမ်မှုဖြစ်စေလိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။
Visayas နယ်မြေသည် တစ်နိုင်ငံလုံး သကြားထုတ် လုပ်မှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းရှိပြီး ကြံအများဆုံးစိုက်ပျိုး သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါဒေသရှိNegros ကျွန်းမှ ၆၃ ရာခိုင်နှုန်း၊ Panay  ကျွန်းမှ ၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် ကျန်ပမာဏမှာ Cebu  နှင့် Leyte  ကျွန်းများမှ ပါဝင်ခြင်းဖြစ် ကြောင်းသိရသည်။ 
နိုင်ငံတောင်ပိုင်း၌ သကြားလုပ်ငန်းနယ်ပယ်၏ နောက် ထပ် ‌ရှေ့ပြေးတစ်ခုဖြစ်လာနေသည့်  Mindanao  ကျွန်းနယ်မြေ သည် သကြားထုတ်လုပ်မှု  စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိပြီး နိုင်ငံမြောက်ပိုင်းရှိLuzon ကျွန်းနယ်မြေ မှ ၅ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ကြောင်း သိရသည်။ 
ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆိုးဝါး သည့် ပျက်စီးဆုံးရှုံးမှုအပေါ် အခြေခံ၍ ကနဦး ခန့်မှန်းတွက် ချက်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊SRA  အနေဖြင့် ကြံ မျိုးကွဲအသစ်များမှစတင်၍ မြေဆီလွှာ၊ ဆည်ရေပေးဝေမှုနှင့် ရာသီအလိုက် စိုက်ပျိုးရမည့် သီးနှံအချိန်ဇယား စသည်ဖြင့် ကဏ္ဍအလိုက် သုတေသနပြုလုပ်မှုများတွင်  ရင်းနှီးမြှုပ်နှံ လျက်ရှိပြီး ကြံ အထွက်နှုန်း တိုးတက်မှုနှင့်အတူ ကြံတစ်တန်မှ သကြားထွက်ရှိမှုနှုန်း တိုးတက်ကောင်းမွန်လာမည်ဟု ခန့် မှန်းထားကြောင်း Mr. Azcona  က ပြောကြားခဲ့သည်။

Source : Manila Standard, May 19, 2025

ပိုးဇာခြည်၊DOCA