Main menu

Background

ထုတ်လုပ်မှု နည်းပါးလာမှုနှင့်အတူ ရှေ့လာမည့်ကာလ၌ စားအုန်းဆီ တစ်တန်ဈေးနှုန်း ရင်းဂစ် ၄၃၀ဝ အထက်တွင်ရှိမည်ဟု MPOC ခန့်မှန်း

Thu, 09/04/2025 - 15:23 -- journal_editor

ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု နှေးကွေးကျဆင်းလာမှုနှင့် အတူ ဇီဝဒီဇယ်ဆီထုတ်လုပ်နိုင်ရန် ဝယ်လိုအားကြောင့် ပဲပုပ် ဆီများ  ဈေးကွက်အတွင်း ရရှိလွယ်မှု  နည်းပါးခြင်းတို့အရ စားအုန်းဆီ ဈေးနှုန်းများသည် တစ်တန်လျှင် ရင်းဂစ် ၄၃၀ဝ  (အမေရိကန်ဒေါ်လာ ၁၀၁၈) အထက်၌  တည်ရှိနိုင်ဖွယ်ရှိ ကြောင်း မလေးရှားစားအုန်းဆီ ကောင်စီ (ဏြဥဃ) က ၂၀၂၅ ခုနှစ် သြဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
စားအုန်းဆီကြမ်းဈေးနှုန်းများသည် သြဂုတ် ၁၉ ရက် ဂရင်းနစ် စံတော်ချိန် ၆ နာရီအထိ တစ်တန်လျှင် ရင်းဂစ် ၄၆၀၇ နှုန်းရှိနေခဲ့သည်။ စားအုန်းဆီဈေးနှုန်း တည်တံ့ခိုင်မာမှု သည် ပြည်ပပို့ကုန်ဈေးကွက်တွင် ပဲပုပ်ဆီနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိမှုအပေါ် မူတည်မည်ဖြစ်ကြောင်း MPOC က ပြောကြားခဲ့ သည်။ စားအုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေး ကွက်ဝေစုအတွက် ပြိုင်ဆိုင်မှုရှိနေသောကြောင့် ပြိုင်ဘက်စား သုံးဆီများ၏  ဈေးနှုန်း အတက်အကျအပေါ် မူတည်လျက်ရှိ သည်။
အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနသည် ပဲပုပ်ဆီထုတ် လုပ်မှု၏ ထက်ဝက်ကျော်ကို ၂၀၂၆ ခုနှစ်တွင် ဇီဝဒီဇယ်ထုတ် လုပ်ခြင်းအတွက် ပြည်တွင်း၌ အသုံးပြုမည်ဟု ခန့်မှန်းထား ကြောင်း၊ အမေရိကန်၏ ပဲပုပ်ဆီတင်ပို့မှုသည် ၂၀၂၅ ခုနှစ် တွင် တန်ချိန် ၁ ဒသမ ၁၅ သန်းရှိခဲ့ရာ ၂၀၂၆ ခုနှစ်တွင် တန် ချိန် ၃၁၀ဝ၀ဝ သာရှိနိုင်ပြီး တင်ပို့မှုကျဆင်းနိုင်မည်ဟု ခန့် မှန်းရကြောင်း၊ ဘရာဇီးနိုင်ငံသည် ဇီဝဒီဇယ်ထုတ်လုပ်ရာတွင် ပဲပုပ်ဆီကို ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရောစပ်အသုံး ပြုမှု တိုးလာသောကြောင့် ပဲပုပ်ဆီတင်ပို့မှု တိုးမြှင့်ရန် ရုန်း ကန်ရနိုင်ကြောင်း၊ ရလဒ်အားဖြင့် ကမ္ဘာ့ဈေးကွက်သည် ပဲပုပ် ဆီရှားပါးမှုကို ကာမိစေရေး အာဂျင်တီးနား၏ ပဲပုပ်ဆီ ရောင်း လိုအားအပေါ် ပိုမိုမှီခိုလာရနိုင်ဖွယ်ရှိကြောင်းနှင့် ပို့ကုန်ရရှိ နိုင်မှု တင်းကျပ်လာခြင်းက ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများ ကို အထောက်အကူဖြစ်စေကြောင်း ဏြဥဃ က ပြောကြားခဲ့ သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဇီဝဒီဇယ်၌ စားအုန်းဆီ ရောစပ်ပါဝင်မှုကို ၅၀ ရာခိုင်နှုန်းအထိ  မြှင့်တင် ရန် စီစဉ်ထားသည့်အတွက် လက်ရှိ ၂၀၂၅ ခုနှစ်၌  ဇီဝဒီဇယ် အတွက်   ဆီအုန်းလိုအပ်ချက်သည် တန်ချိန် ၁၃ သန်းရှိရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁၆ သန်းအထိ မြင့် တက်လာမည်ဖြစ် သဖြင့် စားအုန်းဆီရောင်းလိုအားကို ပိုမိုတင်းကျပ်စေမည်ဖြစ် ကြောင်းMPOC က ထပ်လောင်းပြောကြားခဲ့သည်။
မလေးရှားကျွန်းဆွယ်၌ ထုတ်လုပ်မှုကျဆင်းခြင်းသည် ယခုနှစ် လက်ကျန်ကာလအတွင်း တစ်နိုင်ငံလုံး ထုတ်လုပ်မှု တိုးတက်ခြင်းကို  အကန့်အသတ်ဖြစ်စေနိုင်သဖြင့် စက်တင် ဘာလနှင့် အောက်တိုဘာလများတွင် စားအုန်းဆီသိုလှောင်မှု ကြီးမားစွာ တိုးတက်လာဖွယ်မရှိဟု MPOC က ခန့်မှန်းလျက်ရှိ သည်။
အိန္ဒိယနိုင်ငံရှိ   စားသုံးဆီ  တင်သွင်းသူများသည် ဒီပါဝလီပွဲတော်မတိုင်မီ သိုလှောင်မှုကို မြှင့်တင်လျက်ရှိသဖြင့် ဝယ်လိုအားခိုင်မာနေမည်ဟု မျှော်လင့်ရပြီး အာဖရိကဒေသမှ ဝယ်လိုအားသည်လည်း တည်ငြိမ်နေမည်ဟု မလေးရှားစား အုန်းဆီကောင်စီ (MPOC) က   ခန့်မှန်းထားကြောင်း သိရ သည်။
Source: The Edge Malaysia

D Thi, DOCA