ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တတိယ နိုင်ငံ သစ်သီးဝလံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက် Third Country Fruit Trans- port Protocol) ) အောက်တွင် ပို့ကုန်သွင်းကုန် စစ် ဆေးရေးဂိတ်အသစ် ငါးခု ဖွင့်လှစ်ရန် အရေးပါ သော သဘောတူညီမှု တစ်ရပ်ကို ရယူခဲ့ကြောင်း၊ စက်တင်ဘာ ၁ ရက်မှ စတင်အာဏာ သက်ရောက် မည့် အဆိုပါ သဘောတူညီချက်သည် သယ်ယူ ပို့ဆောင်မှုစရိတ်များ လျှော့ချနိုင်ရန်၊ လက်ရှိစစ် ဆေးရေးဂိတ်များတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှုကို သက်သာစေရန်နှင့် ထိုင်းသစ်သီးဝလံများကို တရုတ်နိုင်ငံ၏ ပြည်နယ်များသို့ မြန်မြန်ဆန်ဆန် ဖြန့်ဖြူးနိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း သိရှိရသည်။
ထိုင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Artthakorn Sirilatthayakorn က နှစ်နိုင်ငံအနေ ဖြင့် တတိယနိုင်ငံများမှတစ်ဆင့် ဖြတ်သန်း၍ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရာတွင် ကူးစက် ရောဂါ ကာကွယ်ရေးနှင့် စစ်ဆေးရေး အစီအမံများ ပါဝင်သည့် သဘောတူညီချက်၏ နောက်ဆက်တွဲ အပိုဒ်များကို အဆင့်မြှင့်တင်ရန် သဘောတူညီခဲ့ ကြသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် စိုက်ပျိုးရေးထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးကို ပိုမိုချောမွေ့စေရန်နှင့် ဈေးကွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်စွာ ရရှိ စေရန် ရည်ရွယ်သည်။
ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနသည် အမျိုးသား စိုက်ပျိုးထုတ်ကုန် နှင့် အစားအသောက် စံချိန်စံညွှန်းများဗျူရို (ACFS) မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာန GACC) နှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ စစ်ဆေးရေးဂိတ်အသစ် ငါးခု ထပ်မံဖွင့်လှစ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းဘက်မှ ဖွင့်လှစ်မည့် စစ်ဆေးရေးဂိတ်သုံးခုမှာNan ပြည် နယ်၌ Thung Chang စစ်ဆေးရေးဂိတ်၊ Phayao ပြည်နယ်တွင်Ban Huak စစ်ဆေးရေးဂိတ်နှင့်Uttaradit ပြည်နယ်၌ Phu Duက စစ်ဆေးရေးဂိတ် တို့ဖြစ်ကြောင်း၊ တရုတ်ဘက်မှ ယူနန်ပြည်နယ်တွင် Mengkangနှင့်Taluo ဟူ၍ စစ်ဆေးရေးဂိတ် နှစ်ခု ကို ထပ်တိုးသွားမည်ဖြစ်ကြောင်း၊ လတ်ဆတ် သော သစ်သီးဝလံများ တင်ပို့ရန်အတွက် စစ်ဆေး ရေးဂိတ် စုစုပေါင်းမှာ ထိုင်းနိုင်ငံတွင် ကိုးခုနှင့် တရုတ်နိုင်ငံ၌ ၁၂ ခုအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိကသစ် သီးဝလံဈေးကွက်နှင့် အဓိကစိုက်ပျိုးရေးပို့ကုန် များ တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ဖြစ်တည် နေမှုနှင့်အတူ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သောသစ်သီးဝလံများ ကို တင်ပို့မှုများသည် ဘတ် ဘီလီယံ ၁၈၀ ထက် ကျော်လွန်သွားမည်ဟု မျှော်မှန်းထားကြောင်း၊ စစ် ဆေးရေးဂိတ်အသစ် ငါးခု ထပ်မံဖွင့်လှစ်ခြင်း သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စတင် အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ အနာဂတ် တွင် ထိုင်းစိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတန်ဖိုး မြင့်တက်လာပြီး ဈေးကွက်ပိုမိုရရှိလာမည်ဖြစ် ကြောင်း သိရသည်။
Source: The Nation Thailand,
August 14, 2025
DPTM, DOCA
Background