အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိန္ဒိယနိုင်ငံအပေါ် အခွန်စည်း ကြပ်မှုကို ၅၀ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမှု စတင်လိုက်ပြီ ဖြစ်ကြောင်း သြဂုတ် ၂၈ ရက်တွင် ဘီဘီစီသတင်းဌာနက ရေးသားဖော်ပြထားသည်။
အိန္ဒိယက ရုရှားထံမှ ရေနံနှင့် လက်နက်များဝယ်ယူမှုနှင့် ပတ်သက်ပြီး ဒဏ်ငွေ ၂၅ ရာခိုင်နှုန်း ထပ်မံချမှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ပြန်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း၌ပင် အိန္ဒိယ အပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းကို စတင်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အခိုင်မာဆုံး မိတ်ဖက်နိုင်ငံ ဖြစ်သည့် အိန္ဒိယသည် ကမ္ဘာပေါ်တွင် စည်းကြပ်ခွန် အမြင့်ဆုံးခံရသည့် နိုင်ငံ များထဲတွင် ပါဝင်လာခဲ့သည်။ အမေရိကန်၏ ယခုလုပ်ရပ်သည် အိန္ဒိယနိုင်ငံ အတွက် ကြီးမားသော ထိုးနှစ်ချက်တစ်ရပ် ဖြစ်လာနိုင်ပြီး ပို့ကုန်များအတွက် လည်း ထိခိုက်လာမည်ဖြစ်သည်။
ယခုလအစောပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ၎င်း တို့၏ စီးပွားရေးထိခိုက်မှုကို လျော့ပါးစေရန် ကတိကဝတ်ပြုမှုများနှင့်အတူ အကြီးဆုံး စီးပွားရေးမှသည် အသေးစား စီးပွားရေးလုပ်ငန်းများအထိ အား ကောင်းစွာ လည်ပတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။
အိန္ဒိယနိုင်ငံ ပြည်တွင်း အသားတင်ထုတ်ကုန်(ွီဏ)၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ထုတ်လုပ်မှုဝေစုသည် ပိုမိုခက်ခဲလာသည်နှင့်အမျှ တိုးတက်မှုမှာ နှေးကွေးနေချိန် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်းက ကိုဗစ်အလွန်တွင် စီးပွားရေး ပြန်လည်ဦးမော့နိုင်ရန် အစွမ်းကုန် ကြိုးပမ်းခဲ့ရသည်။ အဆိုပါ အခက်အခဲ များကြားတွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ တိုးတက်မှု ရှိလာခြင်းနှင့်အတူ ပို့ကုန်ကဏ္ဍမှာလည်း တိုးတက်လာခဲ့သည်။ သို့သော် အမေရိကန် သမ္မသစ် အဖြစ် ဒေါ်နယ်ထရန့် တက်လာပြီးချိန်တွင် အခွန်စည်းကြပ်မှု ပြဿနာများနှင့် အတူ ကမ္ဘာ့နိုင်ငံများသည်လည်း မလူးသာ မလွန့်သာ အနေအထားမျိုးသို့ ရောက်ရှိလာခဲ့ကြသည်။
Source; BBC
စိုင်းဗညား