ကမ္ဘာ့စားအုန်းဆီ အများဆုံး တင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည် တွင်း စားအုန်းဆီဈေးနှုန်း တည်ငြိမ် စေရန်အတွက် ပြည်တွင်းဈေးကွက် အတွင်း ရောင်းချပေးရန် တာဝန်ရှိမှု (Domestic Market Obligation-DMO စည်းမျဉ်းများ တစ်နည်းအား ဖြင့် ပြည်တွင်း စားအုန်းဆီ ထုတ်လုပ်မှု ပမာဏအပေါ် မူတည်၍ ပြည်တွင်းသုံး စွဲမှုနှင့် တင်ပို့မှုပမာဏ အချိုးအစား သတ်မှတ်သည့် စည်းမျဉ်းကို ၂၀၂၂ ခုနှစ် ဧပြီလကပင် စတင်ကျင့်သုံးခဲ့ သည်။ အဆိုပါ ြီဥ အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများအနေဖြင့် ပို့ကုန်ပါမစ် ရရှိရေးအတွက် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုမှ တစ်စိတ်တစ် ပိုင်းကို ပြည်တွင်းဈေးကွက်သို့ ကန့် သတ်ထားသည့် ဈေးနှုန်းတစ်ရပ်ဖြင့် ရောင်းချပေးရမည်ဖြစ်ပြီး ပြည်တွင်း၌ ရောင်းချပေးသော စားအုန်းဆီပမာဏ ၏ လေးဆကို တင်ပို့ခွင့်ခွဲတမ်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ယခုအခါတွင် အင်ဒိုနီးရှား အစိုးရသည် DMO အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများက ပြည် တွင်း၌ ရောင်းချပေးရမည့် စားအုန်းဆီ ပမာဏအား လျှော့ချသတ်မှတ်လိုက် ကြောင်းနှင့် ပြည်တွင်း၌ ရောင်းချသူ များ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန် အတွက် ပြည်တွင်းဈေးကွက်ဆိုင်ရာ မူဝါဒအရ ပြည်တွင်းဈေးကွက်သို့ ရောင်းချရမည့်ဈေးနှုန်းအား တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း S&P Global သတင်းဌာန၏ ရေးသားဖော်ပြ ချက်အရ သိရသည်။
DMO အစီအစဉ်အရ ပြည်တွင်း ဈေးကွက်သို့ ရောင်းချရန် လျာထား သည့် စားအုန်းဆီပမာဏမှာ ယခင်က တစ်လလျှင် တန်ချိန် ၃၀ဝ၀ဝ၀ သတ် မှတ်ထားခဲ့သော်လည်း ယခုအခါ တစ်လ လျှင် တန်ချိန် ၂၅၀ဝ၀ဝ သာရောင်းချ ပေးရန် သတ်မှတ်ထားကြောင်း၊ စား အုန်းဆီ ထုတ်လုပ်သူများက ပြည်တွင်း ၌ ရောင်းချပေးရမည့်ပမာဏ ကျဆင်း သွားကြောင်း၊ ယခုအစီအစဉ်သည် သြဂုတ် ၁၄ ရက်မှစ၍ အသက်ဝင်ခဲ့ ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး Mr. Zulkifli Hasanက ပြော ကြားသည်။
အခြေခံလူတန်းစား ပြည်သူများ သို့ သက်သာသောဈေးနှုန်းဖြင့် ရောင်း ချသည့် Minyakita အစီအစဉ်အရ ယခင်က စားအုန်းဆီ အခြေခံဈေးနှုန်း သည် တစ်လီတာလျှင် အင်ဒိုနီးရှားရူပီး ၁၄၀ဝ၀ (တစ်လီတာလျှင် အမေရိကန် ဒေါ်လာ သုည ဒသမ ၈၉ အမေရိကန် ဒေါ်လာ) ရှိခဲ့ရာမှ သြဂုတ် ၁၄ ရက်မှ စတင်၍ တစ်လီတာလျှင် ရူပီး ၁၅၇၀ဝ (အမေရိကန်တစ်ဒေါ်လာ) ဖြင့် တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။
စားအုန်းဆီကြမ်း ဈေးနှုန်းသည် သြဂုတ် ၁၆ ရက်တွင် တစ်တန်လျှင် FOBဈေးနှုန်း (သင်္ဘောတင်ဈေးနှုန်း) အမေရိကန်ဒေါ်လာ ၉၄၇ ဖြစ်ပြီး ၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ် ကြောင်း ကမ္ဘာ့ကုန်ပစ္စည်းဈေးနှုန်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ S&P Global Commodity Insights)) ၏ အဖွဲ့တစ်ခုဖြစ်သော Plattsအဖွဲ့က ဖော်ပြကြောင်း သိရသည်။
Source: S&P Global
D Thi, DOCA