ကမ္ဘောဒီးယားနိုင်ငံနှင့် ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု Regional Comprehensive Economic Part- nership RCEP) ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်အတွင်း အမေ ရိကန်ဒေါ်လာ ၂၅ဒသမ၅၄ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၇ဒသမ၁ ရာခိုင်နှုန်း တိုးလာကြောင်းသိရသည်။
RCEP အဖွဲ့ဝင်များနှင့် နိုင်ငံတော် ကုန်သွယ်မှုပမာဏ သည် စုစုပေါင်း ကုန်သွယ်မှု၏ ၆၁ဒသမ၆ ရာခိုင်နှုန်းရှိ ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် RCEPနိုင်ငံများသို့ ကုန်ပစ္စည်းဒေါ်လာ ၆ ဒသမ ၇၆ ဘီလီယံ တင်ပို့ခဲ့ပြီးRCEPနိုင်ငံများမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇၈ ဘီလီယံ တန်ဖိုးရှိကြောင်းသိရသည်။
RCEP တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ၎င်းတို့၏ ကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကို ရီးယား၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့ အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည်။
ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတိုးတက်စေရေး အတွက် အထောက်အကူဖြစ်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အားထားရာဖြစ်ကြောင်း ပြော ကြားခဲ့သည်။
RCEP ၏ သဘောတူညီချက်အရ အကောက်ခွန်ကင်း လွတ်ခွင့်ပေးခြင်းအားဖြင့် ကမ္ဘောဒီးယား၏ RCEP နိုင်ငံများ သို့တင်ပို့မှုသည် ၂၀၂၄ ခုနှစ်ထက် ကျော်လွန်နိုင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ Asean +3 Macroeconomic Research Office (AMRO) မှ စီးပွားရေးလုပ်ငန်းရှင်Hoe Ee Khor က အခွန်နှင့်အခွန် ကင်းလွတ်ခွင့်လျှော့ချခြင်းသည် ကမ္ဘောဒီးယားကုန်ပစ္စည်းများကို ကြီးမားသောဈေးကွက်သို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေသည်ဟု ဆိုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကပို့ကုန် ထုတ်ကုန်များ ဖြစ်သည့် အထည်ချုပ်နှင့် စိုက်ပျိုးရေးထွက်ကုန်များသည်RCEPအောက်တွင် အကောက်ခွန်လျှော့ချမှုကြောင့် ဈေး ကွက် ဝင်ရောက်မှုနှင့် အပြိုင် အကျိုးအမြတ်များစွာ ရရှိခဲ့ သည်ဟု သိရသည်။
Source: Khmer Times
ချစ်လင်းဦး (DOCA YGN)