Main menu

Background

တိုကျိုစရိတ်ကျဉ်းကယ်ရီယာလေယာဉ် တွေမှာ လုပ်သား ရှားပါးမှုကြောင့် လေကြောင်းခရီးစဉ်ဖျက်သိမ်းတာ တွေမြင့်မားလာတဲ့အတွက် အဲဒီ ပြဿနာကို ဖြေရှင်းဖု့ိ ပြည်ပနဲ့ ကိုယ် ပိုင် ကာကွယ်ရေး တပ်ဖွဲ(Self Defance Force)မှ လေယာဉ်မှူး တွေ ကို ပိုမိုငှားရမ်းဖို့ ဂျပန် သယ်ယူပို့

Fri, 05/30/2014 - 04:32 -- ydnar

တိုကျို

စရိတ်ကျဉ်းကယ်ရီယာလေယာဉ်တွေမှာလုပ်သားရှားပါးမှုကြောင့် လေကြောင်းခရီးစဉ်ဖျက်သိမ်း တာ တွေမြင့်မား လာတဲ့ အတွက် အဲဒီ ပြဿနာကို ဖြေရှင်းဖု့ိ ပြည်ပနဲ့ ကိုယ် ပိုင် ကာကွယ်ရေး တပ်ဖွဲ(Self Defance Force)မှ လေယာဉ်မှူး တွေ ကို ပိုမိုငှားရမ်းဖို့ ဂျပန် သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာနက စီစဉ် နေ ကြောင်း အဆာဟိရှင်ဘွန်း သတင်း မှာ ဖော်ပြပါတယ်။

လန်ဒန်
လာမဲ့နှစ်မှာ၅ပေါင်တန်ငွေစက္ကူ နှစ်သန်း ထုတ်လုပ်တဲ့အခါ ဗြိတိန် နိုင်ငံက ပလပ်စတစ်ပိုက်ဆံကို ပထမ ဆုံး ထုတ်လုပ်သုံးစွဲမှာ ဖြစ်ကြောင်း၊ ဒီလိုပိုက်ဆံတွေ ထုတ်လုပ်ဖို့ အတွက် Clydesdale ဘဏ်ကို အခွင့်အာ ဏာလွှဲအပ်မှာဖြစ်တဲ့အပြင် အင်္ဂလန် ဗဟိုဘဏ်က ပလပ်စတစ် ပိုက်ဆံ တွေမထုတ်မီ အကန့်အသတ်နဲ့ ထုတ် ခွင့်ပြုမှာဖြစ်ကြောင်း ဘီဘီစီ သတင်း မှာ ဖော်ပြပါတယ်။

ဘန်ကောက်
လွန်ခဲ့တဲ့ ခြောက်လအတွင်း ထိုင်းနိုင်ငံမှာ နိုင်ငံရေး တင်းမာမှု ပြင်းထန်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ အိုင်စီတီဈေးကွက် မှာ အနည်းဆုံး ဒေါ်လာသန်း၇၅၀(ဘတ် ၂၄ ဒသမ ၄ ဘီလီယံ)ဆုံးရှုံးမှု ရှိခဲ့ကြောင်းClydesdale အေဂျင်စီက မေ ၂၁ ရက်နေ့က သည်နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။
ဟနွိုင်း

 

ကုန်ထုတ်လုပ်မှုကို အမြောက် အမြားထုတ်လုပ်နိုင်ဖို့နဲ့ ကမ္ဘာ့ဈေးကွက်ကို အရည်အသွေးရှိပို့ကုန်တွေ တင်ပို့နိုင်ဖို့ အတွက်လယ်ယာစိုက်ပျိုး ရေးကဏ္ဍကိုပိုမိုသိပ္ပံနည်းကျပြီးနည်းပညာခေတ်မီတိုးတက်မှုရှိတဲ့လုပ်ငန်းအဖြစ်ပြန် လည်တည်ေ ဆာက်ဖို့အလျင်အမြန်လိုအပ်နေပြီဖြစ်ကြောင်းလယ်ယာစိုက်ပျိုးရေးနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးကာအိုဒပ်ဖတ်ကပြောကြောင်း ဗီယက်နမ် သတင်းမှာ ဖော်ပြပါတယ်။