Main menu

Background

စင်ကာပူလုပ်သားအင်အား ကျွမ်းကျင်မှုအရည်အသွေးမြှင့် သင်တန်းက ကုန်ထုတ်လုပ်မှုကို မြှင့်တင်

Thu, 06/19/2014 - 05:02 -- ydnar

 

စင်ကာပူလုပ်သားအင်အား ကျွမ်း ကျင်မှုအရည်အသွေးမြှင့်သင်တန်း(Singapore Workforce Skills Qualification WSQ) မှ ပို့ချမှုတွေကို သူတို့ကုမ္ပဏီတွေမှာစတင်အသုံးပြု ချိန်ကစပြီးအလုပ်ရှင်နှင့် အလုပ် သမား နှစ်ဦးနှစ်ဘက်စလုံး အကျိုးခံစားခွင့်တွေ ရရှိခဲ့ကြောင်း ဇွန် ၁၁ ရက် ဗုဒ္ဓဟူးနေက လုပ်သားအင်အား့ဖြိုးရေး အေဂျင်စီ(WDA) ရဲ့ ၂၀၁၃ ခုနှစ် အကျိုး ရလဒ် သုံးသပ်ရေး စစ်တမ်း (Outcomes Evaluation Survey= OES)  မှာ ဖော်ပြထားတယ်လို့စီအင်အေ ဝက်ဘ် ဆိုက် သတင်းမှာ ဖော်ပြထားပါတယ်။

စစ်တမ်းအရ ၂၀၁၃ ခုနှစ်ကစပြီး သူတို့ဝန်ထမ်းတွေကိုWSQ  သင်တန်း တွေတက်ခိုင်းပြီးနောက် လုပ်ငန်းထုတ် လုပ်မှုလုပ်ငန်းအပေါ်မှာ အပြုသဘော ဂယက်ရိုက်ခတ်မှုတွေရှိခဲ့ကြောင်း သတင်းပေးပို့သည့်ကုမ္ပဏီ ၁၈၀ ခု အနက် ၇၇ ရာခိုင်နှုန်းက တင်ပြပါ တယ်။  ၂၀၁၂ ခုနှစ်ကပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ အဲဒီလို တုံ့ပြန်သူ ၇၄ ရာခိုင်နှုန်း သာရှိခဲ့ပါ တယ်။သင်တန်းထဲမှာ လုပ်ငန်းဖန်ရှင်သစ်တွေဆောင် ရွက်ဖို့အတွက် ကျွမ်းကျင်မှုတွေကိုသင် ယူခြင်း၊ ပုဂ္ဂလိက စိတ် ဝင်စားမှုအဆင့် ပိုမြင့်တဲ့လုပ်ငန်းတွေအတွက် ပြင်ဆင် မှုစတဲ့အချက်တွေ ပါဝင်ပါတယ်။
သူတို့ ထုတ်ကုန်တွေ အရည်အ သွေးမြင့်လာတယ်လို့ပြောတဲ့ ကုမ္ပဏီ ကယခင်နှစ်စစ်တမ်းမှာ ၆၆ ရာခိုင်နှုန်း ရှိရာမှ ယခုနှစ်စစ်တမ်းမှာ ၇၀ ရာခိုင် နှုန်းထိရောက်ရှိခဲ့ပါတယ်။ အရောင်းနဲ့ အကျိုးအမြတ်ရှိမှု တိုးတက်လာတဲ့ ကုမ္ပဏီ အချိုးအစား က ၂၀၁၂ ခုနှစ်က ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ ၅၆ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။
WSQ  သင်တန်းကြောင့် ဝန်ထမ်း တွေလည်း အကျိုးခံစားခွင့်ရှိကြောင်း OES ှ  စစ်တမ်းအရ သိရပါတယ်။ သင် တန်သား ၈၂၇၀ အနက် သင်တန်းက အသုံးကျတယ်လို့ ယူဆတဲ့ သင်တန်း သား အရေအတွက်က ၂၀၁၂ ခုနှစ်မှာ ၈၁ ရာခိုင်နှုန်းရှိရာမှ ၂၀၁၃ ခုနှစ်မှာ ၈၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။