Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ေ ထာင်စုဝန်ကြီး ဦးဝင်းမြင့် ပထမအကြိမ် China–ASEAN Industry and Commerce Forum တွင်တက်ရောက်အမှာစကားပြောကြားခြင်း

Tue, 09/23/2014 - 14:32 -- ydnar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၊ တရုတ်နိုင်ငံ ၊ နန်နင်းမြို့တွင် ကျင်းပသည် (၁၁) ကြိမ်မြောက် “China – ASEAN Expo” တရုတ် -အာဆီယံကုန်စည်ပြပွဲသို့ တက်ရောက် နေစဉ် နန်နင်းဟိုတယ်၌ ပြုလုပ်သည့် ပထမအကြိမ်၊China – ASEAN Industry and Commerce Forum  သို့ တက်ေ ရာက်ပြီး အမှာစကားပြောကြားပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဆောင်ရွက်နေသည့်စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊

နိုင်ငံခြား ကုမ္ပဏီများနှင့် နိုင်ငံသားကုမ္ပဏီများ တည်ထောင်မှု ဆိုင်ရာ ဖြေလျော့မှုများ၊ ပြုပြင်ပြောင်းလဲမှုများ၊ အစိုးရသစ် တာဝန်ယူသည့် (၃) နှစ်ကျော် ကာလ အတွင်း နိုင်ငံခြားကု မ္ပဏီများ တိုးပွား လာမှု၊ နိုင်ငံသားကုမ္ပဏီများ တိုးပွားလာမှု၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုတန်ဖိုး သိသိသာသာတိုးတက်လာမှုများရှိပါကြောင်း၊ ဤကဲ့သို့ တိုးတက်မှုများ ဖော်ဆောင်နိုင်မှုသည် စဉ်ဆက်မပြတ် လု ပ်ဆောင်နေ သည့် ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲမှုများကြောင့်ဖြစ်ပါကြောင်း . . .  
ယနေ့ခေတ်Globalization တွင် စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာ ရှိစေရန် နိုင်ငံတိုင်း ကြိုးစားနေသလိုChina – ASEANဒေသအတွင်းရှိ နိုင်ငံတိုင်းအတွက် ရှင်းလင်းလွယ်ကူပြီး၊ နိုင်ငံတကာနှင့် ကိုက်ညီသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ တစ်ပြေးညီ ပြု လုပ်ခြင်းဖြင့်China – ASEANအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမို ဖြစ်ထွန်းအောင်မြင်နို င်မည်ဖြစ်ပါ ကြောင်း၊ သို့မှသာ China – ASEANအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများWin-Win ဖွံ့ဖြိုးတိုး တက်မှု ကိုဖော်ဆောင်နိုင်မှာဖြစ်ပါကြောင်းပြော ကြားခဲ့ပါသည်။
အဆိုပါ ဖိုရမ်သို့ ကွမ်ရှီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင် ဥက္ကဋ္ဌ၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ တရုတ်နိုင်ငံ China – ASEAN Industry and Commerce  ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ စီးပွားရေးလုပ်ငန်းရှင် များ၊ ကုမ္ပဏီကြီးများ တက်ရောက်ကြ ပြီး စာတမ်းပေါင်း ၁၉ စောင်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။