Main menu

Background

ဒီတစ်ပတ် မလေးရှားနိုင်ငံသို့ မန်ကျည်း အများဆုံးတင်ပို့

Wed, 05/23/2018 - 14:14 -- journal_editor

မေလ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်းတန်ချိန်  ၄၃၀ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားနိုင်ငံသို့ ၂၅ တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  တန် ၅၀၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၂၄၀ နဲ့ စင်ကာပူနိုင်ငံသို့ ၁၁၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယခင် သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်း ၃၉၈ တန်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၃၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၂၄၆၀၀င်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                

 သီတာဝင်း( DOT )