Main menu

Background

နွားနို့ထုတ်လုပ်မှုတွင် အရည်အသွေးကို အဓိကထားရန် လိုအပ်နေ

Fri, 07/29/2022 - 16:27 -- journal_editor

ပြည်တွင်းနွားနို့ထုတ်လုပ်မှုတွင်အရည်အသွေးပိုင်းဆိုင်ရာထိန်းချုပ်ထုတ်လုပ်မှုထက်အရေအတွက်ကိုသာဦးစားပေးထုတ်လုပ်လာခြင်းကြောင့်လိုအပ်ချက်များရှိနေပြီးနွားနို့အရည်အသွေးကျဆင်းလာကြောင်းရန်ကုန်တိုင်းဒေသကြီး မွေး မြူရေးနှင့်ကုသရေး ဦးစီးဌာနမှသိရသည်။နွားနို့အတွက်နို့စားနွားမွေးမြူသည့်အခါ၌ အရည်အသွေးထက်အရေအတွက်ကို ဦးစားပေးလာသောကြောင့် ရေရှည်တွင် နို့စားနွား မွေးမြူမှု၊ နွားနို့ထုတ်လုပ်မှုနှင့် သောက်သုံးမှုများ   အခက် အ ခဲရှိလာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၇၈ခုနှစ်မှစတင်၍ကမ္ဘာ့ ဘဏ်အကူအညီဖြင့် ပြင်သစ်၊နယ်သာလန်၊ သြစတြေးလျနိုင်ငံများမှ ဖရေရှန်၊ ဂျာစီ၊ဂွမ်စီ၊ အေးရှား ရား၊ နော်ဝေဂျင်ရွက်အပါအဝင် နို့စားနွားခုနစ်မျိုးကို မွေးမြူ ခဲ့ပြီးအဓိကအားဖြင့်ဖရေရှန်နှင့် ဂျာစီ နို့စားနွားကိုအများဆုံးမွေးမြူလျက်ရှိကြောင်း သိရသည်။ဖရေရှန်နှင့် ဂျာစီနို့စားနွားနှစ်မျိုးတွင် ဖရေရှန်တစ်ကောင်လျှင် ပျမ်းမျှအားဖြင့်နွားနို့ ၁၀ ပိဿာခန့်ထွက်ရှိ သော်လည်း နွားနို့ အရည် အသွေး ၃ ဒသမ ၅ ရာခိုင်နှုန်းသာပါရှိကာ ဂျာစီမှာ နွားနို့ ရှစ်ပိဿာခန့် ထွက်ရှိပြီး နွားနို့အရည်အသွေး ၅ ရာခိုင်နှုန်းအထိပါရှိကြောင်း သိရသည်။    နို့စား နွားတစ်ကောင်လျှင်  တစ်နှစ်တစ်သား ကျဖြင့် နို့ထွက်အား ကိုရက် ၃၀ဝ   သတ်မှတ်လေ့ ရှိပြီး တစ်ရက်လျှင် နွားနို့ ငါးပိဿာ၊ ခြောက်ပိဿာ မှ အမြင့်ဆုံး ၁၃ ပိဿာအထိထွက်ရှိကြောင်း သိရ သည်။ရန်ကုန်တိုင်းဒေသကြီးတွင် နို့စားနွားကောင် ရေ ၁၆၀ဝ၀ ခန့် မွေးမြူလျက်ရှိပြီး ဂျာစီနို့စားနွား၂၀ ရာခိုင်နှုန်း၊ ဖရေရှန် နို့စား နွား ၈၀ရာခိုင်နှုန်း မွေးမြူ လျက်ရှိကာ ထွက်ရှိလာသည့်နွားနို့များကို အင်းစိန် နွားနို့ဈေးကွက်နှင့်  တာမွေနွားနို့ဈေးကွက်တို့မှ တစ်ဆင့် နေ့စဉ်ဖြန့်ချိလျက်ရှိသည်။ အဆိုပါ နို့စားနွားမွေးမြူမှုသည်မျိုးရိုးဗီဇ နှင့်အစာစားသုံးမှုပေါ်တွင်  မူ တည်သောကြောင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အရည်အသွေး ကောင်းရရှိရေးအတွက် သင့်တင့်မျှတသော နို့စား နွားများကို   မွေးမြူထုတ်လုပ်ရန်    လိုအပ်လာကြောင်း သိရသည်။ အစာကျွေးပုံခြင်းတူညီသော်လည်း နို့ထွက် အရည်အသွေး မတူခြင်းသည်၎င်းတို့၏မျိုးရိုးဗီဇ ကြောင့်ဖြစ်ပြီးအရည်အသွေး ကောင်းမွန်သောနွားနို့များသောက်သုံးနိုင်ရန်အတွက် မျိုးရိုးဗီဇ ကောင်း သည့် နို့စားနွား များကိုမွေးမြူထုတ်လုပ်ရန်လိုအပ်ကြောင်း သိရသည်။ နယူး ဇီလန် နိုင်ငံတွင်ဖရှေရှန်နွားနှင့် ဂျာစီ နွားကိုမျိုးစပ်၍ အီဝီမျိုးစိတ်သစ်ရရှိခဲ့ရာ နို့ထွက် အား အရည်အသွေးစွမ်းရည်ကိုမြှင့်တင်၍ နို့ထွက် ပစ္စည်းများ ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံအတွင်း နို့ဈေးနှုန်း တည်ငြိမ် ရန် မှာ အစာစရိတ်ပေါ်တွင်  မူတည်နေပြီး နို့စားနွား တစ်ကောင်တွင် အစာအတွက်၇၅ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ အစား အစာအတွက်မြက်ရရှိရန်သဘာဝမြေနေရာနှင့် စိုက်ပျိုးရန်မြေနေရာများ ရန်ကုန် တိုင်း ဒေသကြီးအတွင်း အခက်အခဲရှိလာနိုင်သောကြောင့်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်မြက်စိုက်ပျိုးထုတ်လုပ်၍ မြက်ချဉ်ဖတ်နှင့် ပြောင်းချဉ်ဖတ်တို့ကိုတောင်သူများ လက်ဝယ်အရောက် ဖြန့်ချိနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းဆု စုစည်းတင်ပြသည်