Main menu

Background

နိုင်ငံတကာမှာ ကုလားပဲဈေးငြိမ် ပဲဝါလေးဈေး ဆက်လက်ကျ

Thu, 02/25/2010 - 10:48 -- Anonymous (not verified)

   ယခု သီတင်းပတ်တွေမှာ နိုင်ငံတကာ ကုလာပဲဖြူလုံးကြီးဈေးကွက်ဟာ အရောင်းအဝယ်အားပျော့နေဆဲဖြစ်ပါတယ်။ ယခုနှစ် အိန္ဒိယပဲရိတ်သိမ်းချိန်မှာ မိုးရွာသွန်းမှုကြောင့် နှောင့်နှေးမှုဖြစ်နိုင်ပေမယ့် ကာဘူလီကုလားပဲရဲ့ ထွက်ရှိမှုကိုတော့ ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ဆို ပါတယ်။    အလားတူနိုင်ငံတကာ ပဲဝါလေးဈေးကလည်း ဆက်လက်အားလျော့လျက်ရှိပါတယ်။ ပဲခွဲစက်လုပ်ငန်းရှင် တော်တော်များများက ၎င်းတို့ဝယ်ယူထားတဲ့ပဲတွေကို ထုတ်ရောင်းနေကြတာကြောင့် ကနေဒါအနောက်ပိုင်း ပဲစိုက်ပျိုးထုတ်လုပ်သူတွေက ဒီထက်ဈေးပို ကျဆင်းမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။