Main menu

Background

နိုင်ငံတကာမှာ ရေနံစိမ်းသိုလှောင်မှုနည်းနည်းပို

Thu, 03/11/2010 - 03:59 -- Anonymous (not verified)

     ကမ္ဘာ့ရေနံစိမ်းသိုလှောင်မှုပမာဏတိုးလာသလို ဒီတစ်ပတ်အတွင်း ရေနံစိမ်းဈေးကလည်း တစ်စည်ကို ၈၁ ဒေါ်လာ ဝန်းကျင်ကို ချဉ်းကပ်လာပါတယ်။ ပုံမှန်အားဖြင့် မှန်းဆချက်တွေအရ ရေနံသိုလှောင်မှုစွမ်းအားက တစ်ပတ်အတွင်း တစ်သန်းလောက်ပဲ ပိုမိုသိုလှောင် နိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အမေရိကန်ရဲ့လက်ကျန် အနေအထားအရ သိုလှောင်မှုပမာဏဟာ ၄ ဒသမ ၁ သန်းအထိ တိုးမြှင့်သိုလှောင်ခဲ့ကြောင်း တွေ့ရပါတယ်။ နယူးယောက်ဈေးကွက်ရဲ့ သုံးသပ်ချက်တွေအရ ဝယ်လိုအားပိုမိုလာမယ်ဆိုတဲ့ တွက်ဆချက်တွေနဲ့ သန့်စင်မှုတွေပိုမိုလုပ်ခဲ့ပြီးတဲ့နောက်မှာ လက်ကျန်တွေစုပုံနေခဲ့ပြီး ရေနံဈေးရဲ့အလားအလာ ကောင်းမှု ကိုတော့ အားလုံးက သက်ဝင်ယုံကြည်နေတုန်းပဲလို့ Market Watch  သတင်းဌာနက ရေးသားဖော်ပြခဲ့ပါ တယ်။                                            တစ်ဘက်ကလည်း ဥရောပသုံးငွေကြေးထဲမှာ ကနေဒါငွေကြေးက နည်းနည်းပြန်မာလာတာနဲ့အတူ ရေနံဈေးနှုန်းက လည်း နည်းနည်းပြန်မြောက်လာပါတယ်။ ရက်သတ္တခြောက်ပတ်တာကာလအတွင်း ယူရိုဇုန်ငွေကြေးမြင့်လာတယ်လို့ ဆိုပါတယ်။           MIRT-DOT