Main menu

Background

အမေရိက ပင်လယ်စာတင်သွင်းမှု အနုတ်လက္ခဏာပြနေ

Mon, 02/25/2013 - 06:25 -- ydnar

အမေရိကသို့ ပင်လယ်စာ တင်သွင်းမှုစာရင်းများအရ ၂၀၁၂ခုနှစ် တတိယသုံးလပတ်အတွင်းတွင် ပင်လယ်စာ တင်ပို့မှုသည် အနုတ်လက္ခဏာပြလျက်ရှိကာ အမေရိကန်ဒေါ်လာ ၅ဒသမ၇  ဘီလျံသာရှိကြောင်း သိရသည်။
အမေရိက၏ပင်လယ်စာတင်သွင်းမှုများကို ကြည့်ပါက စုစုပေါင်း ပင်လယ်စာတင်သွင်းမှု၏ ၁၈ရာခိုင်နှုန်းကို ကနေဒါနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံ၏တင်သွင်းမှုသည် ယခင်နှစ်က တင်သွင်းမှုနှင့် နှိုင်း ယှဉ်ပါ က ၃ ဒသမ ၃ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ချီလီမှတင်သွင်းမှု ၁၇ ရာ ခိုင်နှုန်းတက်ခဲ့သော်လည်း ထိုင်းမှ တင် သွင်းမှုတွင် ၂၁ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

အမေရိက၏ပင်လယ်စာတင်သွင်းမှုတွင် အေးခဲထားသော ငါး၊ ငါးအသား၊ ကျောက်ပုစွန်နှင့်ကော့ (Cood ) ငါးများ ပါဝင်ကြောင်း သိရသည်။ ပင်လယ်စာ တင်သွင်းသည့်နိုင်ငံများအနက် တရုတ်နိုင်ငံသည် အမေရိကသို့ ပင်လယ်စာ တင်သွင်းသည့်ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကနေဒါနှင့် ဂျပန်နိုင်ငံတို့မှာ ဒုတိယနေရာတွင်ရှိနေကြောင်း သိရသည်။
Ref: T.H, ASF Weekly News