Main menu

Background

တရုတ်နိုင်ငံမှာ ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားနေစဉ် ဈေးကွက်မှာ ရှိနေတဲ့ ဘဲသားများဝင်ရောက်မှုကို စစ်ဆေးသင့်

Mon, 05/13/2013 - 10:56 -- ydnar

တရုတ်နိုင်ငံမှ အေးခဲကြက်သား များတရားမဝင် ဝင်ရောက်မှုကို ဖမ်းဆီး နေခြင်းကြောင့် လတ်တလော မှာဝင် ရောက်မှုနည်းလာပြီး၊ ဈေးကွက်မှာရှိ နေတဲ့ဘဲသားများတရုတ်နိုင်ငံမှဝင်ရောက် ခြင်း ရှိ၊ မရှိစစ်ဆေးရန်လို အပ်ကြောင်း၊ ကြက်ဥ၊ ကြက်သားမွေးမြူ ထုတ်လုပ် ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌဒေါက်တာ ကျော်ထင် ကပြောပါတယ်။ " မန္တလေး ဈေးကွက်မှာ ပီကင်းဘဲကင်ဆိုတာ တရုတ်ကဝင်တယ်လို့ ထင်ပါတယ်။ရွှေဘဲဆို ရန်ကုန် မှာ မွေးမြူမှုရှိနေတယ်။ ပီကင်းဘဲကင်ဆိုင်တွေက မန္တလေးမှာ များတယ်။ဘယ်ကဝင်လည်းဆိုတာ စစ် ဆေးခြင်း မရှိဘူး။ တိရစ္ဆာန်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနကလည်း ညွှန် ကြားချက်ရှိမှဖော်ဆောင်လို့ရမှာပါ။ တရုတ်နိုင်ငံမှာ H7N9 ကြက်ငှက်တုတ် ကွေးရောဂါဖြစ်ပွားနေတော့ ဘဲသားဝင် ရောက်မှုကိုစစ်ဆေးသင့်တယ်။ဘဲ အကောင်မှာ ကရောဂါသယ်ဆောင်လာပြီး၊ သူကိုယ်တိုင်ကျမသေဘဲ ရောဂါဖြန့်ေ၀ ပေးတယ်။ ဘဲခြံ ၁၀ ခြံစစ်ရင် ၉ ခြံ က ရောဂါရှိတာတွေ့ရတယ်။ ကြက်မွေး မြူရေးသမားတွေက ကြက်ခြံနားမှာ ဘဲ လာမှာ အရမ်းကြောက်တာ '' လို့ ဒေါက်တာကျော်ထင်က ပြောပါတယ်။

၂၀၀၆ ခုနှစ်က ကြက်ငှက်တုတ် ကွေး ဖြစ်ပွားခဲ့ခြင်းကြောင့် ကြက်မွေး မြူရေးသမားများဆုံးရှုံးမှုများခဲ့လို့ရောဂါ ကူးစက်မှာစိုးရိမ်လျက်ရှိပြီး၊ ကြက်သား စား သုံးမှုလည်း ၁၀ ရာခိုင်နှုန်းကျဆင်း လာကြောင်းသိရပါတယ်။ ကြက်ဥ ကြက်သား မွေးမြူထုတ်လုပ်ရောင်းချ သူများအသင်း၊ အတွင်းရေးမှူး ဒေါက် တာနေသူရိန်က '' ကြက်ပေါက် တရား မဝင်တင်သွင်းနေတဲ့အတွက် ဧပြီ ၂၅ ရက်နေ့က ၁၆ မိုင်ဂိတ်မှာ ကျွန်တော်တို့ အဖွဲ့သွားရောက် သတင်း ပေး ခဲ့တော့ နောက်ရက်မှာ ကြက်သားနဲ့ ဆက်စပ် ပစ္စည်းတွေဖမ်းဆီးရမိတယ်လို့ သတင်း စာ မှာတွေ့လိုက်တယ်။ တရုတ်နိုင်ငံမှာ ကြက်ငှက်တုတ်ကွေးဖြစ်နေတော့ဈေးပေါ ပေါနဲ့ဝင်လာမှာစိုးရတယ်။ကြက်ပေါက် အဝင်နည်းလာပေ မယ့်ကြက်နဲ့ ဆက်စပ် ပစ္စည်းတွေတော့ ဝင်နေတုန်းပဲ။ လားရှိုး ဘက်ကလည်းကြက် ပေါက်အနည်းအ ကျဉ်း အဝင်ရှိနေပါတယ် " လို့ ပြော ပါတယ်။ မန္တလေး ခရိုင်မှာ ကြက်ခြံ ၄၀၀ ကျော်မွေးမြူလျက်ရှိကြောင်း သိရပါတယ်။      ဇူးဇူး - မန္တလေး