Main menu

Background

ဗီယက်နမ် ဘင်ထရဲပြည်နယ်က လယ်ယာစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံသူများကိုရှာဖွေ

Thu, 05/17/2018 - 15:17 -- journal_editor

ဗီယက်နမ်နိုင်ငံ ဘင်ထရဲပြည်နယ်သည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလာအောင် အား ပေးရန်အတွက် အများပြည်သူ သတင်းအချက်အလက် ဖြန့်ဖြူးရေးအစီအစဉ်နှင့်  အခြားလှုပ်ရှားမှုကို ပိုမိုဆောင် ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်း တွင် ဖော်ပြသည်။ ပြည်နယ်အစိုးရသည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေး ခဲ့ပြီး အတည်ပြုချက် ရရှိထားသော စီမံကိန်းများကိုလည်း အကူအညီများ ပိုမိုပေးခဲ့သည်။

ဆောက်လုပ်ရေး လုပ်ထုံးလုပ်နည်းများနှင့် အသိ အမှတ်ပြုလက်မှတ်များ ဝယ်ယူရေးအတွက် အကူအညီ များပေးကြရန် သက်ဆိုင်ရာအစိုးရဌာနများကို တိုက်တွန်း ထားသည်။ထို့ပြင် စီးပွားရေးလုပ်ငန်းများ ဈေးကွက်သစ်များ သို့ ဝင်ရောက်ရေးအတွက်လည်း ကောင်း၊ ခေတ်သစ်နည်း ပညာရပ်များအတွက် ရင်းနှီးမြှုပ်နှံရာတွင် လည်းကောင်း စီးပွားရေးလုပ်ငန်းများအား အထောက်အကူပေးနိုင် ရေးအတွက် ဈေးကွက်ဆိုင်ရာ သတင်းများကို ပိုမိုထုတ် လုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဘင် ထရဲပြည်နယ်သည်   လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ခြောက်ခုကို ဗီယက်နမ် ဒေါင် ၃၂ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း ) ဖြင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသည်။ပြည်နယ်စီးပွားရေးလုပ်ငန်း ၃၀၀ ခန့်သည် ကုန် သွယ်မှုမြှင့်တင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် ပေးလျက် ရှိသည်။ ဘင်ထရဲပြည်နယ်တွင် လုပ်ငန်းပေါင်း ၃၉၄၀ ရှိသည့်အနက် ၂၅၃ ခုမှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် နောက်ထပ်ကုမ္ပဏီ သစ် ၁၅၀၀ အထိတိုးပွားလာအောင် ပြည်နယ်အစိုးရက ရည် မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။