Main menu

Background

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုပမာဏ အနည်းငယ် ကျဆင်းခဲ့သော်လည်း တန်ဖိုးမြင့်တက်လာ

Thu, 09/04/2025 - 15:38 -- journal_editor

အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၄၅ ဘီလီယံရှိပြီး ပမာဏ ကျဆင်းသွားသော်လည်း ပုံမှန်ဝင်ငွေအဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းMarine Product Export Development Authority (MPEDA) မှ ထုတ်ပြန်သော နောက်ဆုံးရ သတင်းအချက်အလက်များအရ သိရသည်။ တင်ပို့မှု ပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က တင်ပို့ခဲ့သော ၁၇၈၁၆၀၂ မက်ထရစ်တန်ထက် ၁၆၉၈၁၇၀ မက်ထရစ်တန်သို့ ကျဆင်းခဲ့ပြီး ဒေါ်လာ တန်ဖိုးအရ ယခင်နှစ်က ၇ ဒသမ ၃၈ ဘီလီယံဒေါ်လာထက် ၇ ဒသမ ၄၅ ဘီလီယံဒေါ်လာသို့ မြင့်တက်လာခဲ့သည်။ 
အေးခဲပုစွန်များသည် အဓိကပို့ကုန်အဖြစ် ဆက်လက်တည် ရှိပြီး ကန်ဒေါ်လာ ၅ ဒသမ ၁၇ ဘီလီယံရရှိခဲ့ကာ စုစုပေါင်း ပင် လယ်စာတင်ပို့မှုတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပုစွန်တင်ပို့မှု ပမာဏသည် ယခင်နှစ်က တင်ပို့ခဲ့သော ၇၁၆၀ဝ၄ မတ်ထရစ်တန် ချိန်ထက် ၇၄၁၅၂၉ မက်ထရစ်တန်ချိန်သို့ အနည်းငယ်မြင့်တက် ခဲ့သည်။ အမေရိကန်နိုင်ငံမှ ဒေါ်လာ ၂ဒသမ၇၁ ဘီလီယံ တန်ဖိုးရှိ သော ပင်လယ်စာ ၃၄၆၈၆၈ မက်ထရစ်တန်ချိန်ခန့်အား ပင်လယ်စာ အများဆုံး တင်သွင်းသည့်နိုင်ငံအဖြစ် ရပ်တည်နေကာ တရုတ်နိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိသော ပင်လယ်စာ ၃၉၆၄၂၄ မက်ထရစ် တန်ချိန် တင်သွင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဒုတိယအများဆုံး တင်သွင်းသည့် ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိသည်။ ဥရောပ သမဂ္ဂ၊ အရှေ့တောင် အာရှ၊ ဂျပန်နှင့် အ‌ရှေ့အလယ်ပိုင်းကဲ့သို့သော အဓိကဒေသများမှလည်း ၎င်းတို့၏ ဈေးကွက်တည်ရှိမှုကို ခိုင်မာစေ ရန် ဆောင်ရွက်လျက်ရှိသည် အေးခဲထားသောငါးများနှင့် ပြည်ကြီးငါး များ တင်ပို့မှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၂၂ ဒသမ ၆၀ သန်းနှင့် ၃၆၇ ဒသမ ၆၈ သန်းရှိပြီး ဒုတိယနှင့် တတိယ အများ ဆုံးတင်ပို့သော ပင်လယ်စာ ပို့ကုန်များအဖြစ် အသီးအသီး ရပ်တည် လျက်ရှိသည်။  အေးခဲထားသော ကင်းမွန်များ  တင်ပို့မှုမှာလည်း ပင်လယ်စာအခြောက်တင်ပို့မှု  ကဏ္ဍတွင် ပုစွန်တင်ပို့မှုကို ကျော် လွန်၍ပမာဏနှင့် တန်ဖိုးတိုးတက်လာကြောင်းသိရသည်။ ပင်လယ် စာတင်ပို့မှုသည် အိန္ဒိယနိုင်ငံ ကုန်သွယ်မှုအတွက်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး သန်းနှင့်ချီသော အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအား  အထောက်အပံ့ဖြစ်စေပြီး နိုင်ငံခြားငွေ  လဲလှယ်မှုကိုလည်း  သိသာစွာ  တိုးတက်လာစေနိုင်သည်။
Source : Xinhua , 

ဟန်ကိုကျော်DOCA(ရန်ကုန်)