ဂျပန် နာနတ်သီးများ မန်းဈေးကွက်ဝင်
မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံဈေးကွက်အတွင်း တစ်နှစ်ပတ်လုံး နာနတ်သီးများကို တွေ့ရှိနေရသော် လည်း ယခုအခါ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရွှေကူ၊ ဗန်းမော်၊ ပြင်ဦးလွင်နယ်ဘက်မှ ပေါ်ဦးပေါ်ဖျား၊ ဂျပန်နာနတ်သီးများ ရာသီချိန် ဝင် ရောက်လာပါတယ်။
ပေါ်ဦးပေါ်ဖျား ဖြစ်တဲ့အတွက် သစ်သီးဈေးကွက်မှာ ဂျပန်နာနတ် သီးရှယ် ၁ဝ လုံး ၃၅ဝဝ ကျပ်၊ အလတ် စ ၁ဝ လုံး ၂၅ဝဝ ကျပ်၊ အသေးစ ၂ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်နေပါတယ်။ လက်လီအရောင်း တစ်လုံး ၃ဝဝ ကျပ်- ၄ဝဝ ကျပ်-၅ဝဝ ကျပ်နှုန်းဖြင့် အရွယ် အစားအလိုက် ရောင်းချကြကြောင်း သိရပါတယ်။ ပြုံးရီ