Main menu

Background

ဂျပန်နိုင်ငံကို ပါကစ္စတန်သရက်သီးတင်ပို့ဖို့ ရေငွေ့ ပူပေးခြင်း အဆင့်သတ်မှတ်ချက်က အဟန့်အတားဖြစ်

Tue, 06/21/2011 - 04:45 -- Anonymous (not verified)

ဂျပန်နိုင်ငံကို ပါကစ္စတန်သရက်သီးတင်ပို့ဖို့ ရေငွေ့ ပူပေးခြင်း အဆင့်သတ်မှတ်ချက်က အဟန့်အတားဖြစ်

 

 

             ဂျပန်နိုင်ငံကို ယခုနှစ်မှာလည်း ပါကစ္စတန်သရက်သီး တင်ပို့ ရဖွယ်မရှိဘူးလို့ အရာရှိများက ဆိုပါတယ်။ အသီးရဲ့ အသားထိုးပိုး ကာကွယ်တဲ့ ရေငွေ့ပူပေးခြင်း Vapour Heat Treatment (VHT) သတ်မှတ်ချက်ဟာ ပါကစ္စတန် သရက်သီး တင်သွင်းဖို့ ဂျပန်နိုင်ငံတကာအာဏာပိုင်များက သတ်မှတ်တဲ့ အခြေခံအချက် ဖြစ်တယ်လို့ ပါကစ္စတန်အစိုးရအရာရှိများက ဆိုပါတယ်။ ဂျပန် နိုင်ငံက ပါကစ္စတန်သရက်သီးတင်သွင်းမှုကို ၁၆ နှစ်တိုင် ပိတ်ပင် ထားရာမှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပေမဲ့ VHT သတ်မှတ်ချက်က တော့ ဆက်လက်သတ်မှတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာကို စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ VHT  စက်ရုံမရှိသေးဘူးလို့ ဆိုပါတယ်။ ဂျပန်အကူအညီနဲ့ တည်ထောင် ထားတဲ့ ကရာချိက VHT  စက်ကလည်း တစ်ကြိမ်ကို သရက်သီး ၂၅ ကီလိုသာ ဆောင်ရွက်နိုင်စွမ်းရှိလို့ အဲဒီလိုပြုပြင်ထားပြီး ပြည်ပ တင်ပို့နိုင်ဖို့ မရရှိနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ ပါကစ္စတန် အာဏာပိုင်များအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပင် VHT  ဆောင်ရွက်မှုအခြေအနေကို သတိထားလာမိခဲ့ကြပေမဲ့ စက်ပစ္စည်း တပ်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ ဂျပန်ပြည်ပကုန်သွယ်ရေး အရာရှိ များက ဆိုပါတယ်။

 

 

           ဂျပန်နိုင်ငံမှာရှိတဲ့ ပါကစ္စတန် အရာရှိများဟာ ပါကစ္စတန် သရက်သီးတင်သွင်းမှုကို ၁၆ နှစ်ကြာ ပိတ်ပင်ထားခြင်းကို ဖယ်ရှားဖို ကြိုးစားမှုဟာ ရလဒ်ကောင်း မထွက်လာသေးဘူးလို့ တိုကျိုရှိ ပါကစ္စတန်သံရုံး အရာရှိတစ်ဦးက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ ဟာ ဂျပန်ကို သရက်သီးတင်ပို့ဖို့ နောက်ထပ်အခွင့်အလမ်း ဆုံးရှုံးနေ ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်လို့သာ ပါကစ္စတန်အာဏာပိုင် များက ဂျပန်သတ်မှတ်ချက်တွေ ပြည့်မိအောင်ဆောင်ရွက်ဖို့ VHT စက်တစ်လုံး တည်ဆောက်ပေးမယ်ဆိုရင် ဂျပန်နိုင်ငံကို ကောင်း ကောင်း တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: thrnews.com.pk