Main menu

Background

စေ့စပ်ညှိနှိုင်းမှုများကို လက်ခံလာအောင် ဖိအားပေးမှုတွေနဲ့ ဂရိနိုင်ငံ ရင်ဆိုင်နေရ

Tue, 02/24/2015 - 21:17 -- journal_editor

    အတွဲ(၁၅)အမှတ်(၈)

       တစ်ရက်ကြာ ခါးခါးသီးသီးဆွေး နွေးပြီးနောက် ဂရိနဲ့ဥရောပတို့က ဂရိ နိုင်ငံအတွက်နောက်ဆုံးကြွေးမြီ စေ့စပ် မှုကို ဖေဖော်ဝါရီ ၁၇ ရက်က အကြိတ် အနယ်စေ့စပ်ညှိနှိုင်းပြီး ယူရိုဇုန်မှ ဂရိ နိုင်ငံ   ထွက်ခွာသွားရမည့်အဖြစ်မျိုး  ရှောင်ရှားနိုင်အောင် ဆောင်ရွက်နေရ ကြောင်း   အေအက်ဖ်ပီသတင်းမှာ ဖော် ပြထားပါတယ်။     ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ကယ်တင်မှုချေးငွေတိုးချဲ့ရရှိ နိုင်ဖို့အတွက်လျှောက်ထားရာမှာ ယူရို ဇုန်မိတ်ဖက်နိုင်ငံတွေက   တောင်းဆို ချက်ကို ဂရိအစိုးရကငြင်းပယ်ပြီးနောက် ဂရိနိုင်ငံရဲ့ ချေးငွေကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ဒေါ်လာနဲ့ဖလှယ်ရာ မှာ ယူရိုတန်ဖိုး ကျဆင်းခဲ့ပါတယ်။
ဖေဖော်ဝါရီမှာ သက်တမ်းကုန် ဆုံးတော့မယ့်  ကယ်တင်မှုချေးငွေအစီ အစဉ်ကို သက်တမ်းတိုးဖို့တောင်းခံရ မယ့်အချိန်ကို ဒတ်ချ်ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ်သူ   ယူရိုဇုန်  အကြီးအကဲ ဂျာရိုအင်ဒီဆယ်ဘလိုအန်က ဖေဖော် ဝါရီ ၁၆ ရက်မှာ နောက်ထပ် ၄၈ နာရီ အချိန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကမ်း လှမ်းချက်ကို ဂရိနိုင်ငံက ခါးခါးသီးသီး ငြင်းဆိုခဲ့ပါ တယ်။
ဖေဖော်ဝါရီ ၁၆ ရက်ကကျင်းပခဲ့ တဲ့အစည်းအဝေးက   ရက်သတ္တတစ် ပတ်အတွင်း ဒုတိယအကြိမ်ပြုလုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။  မစ္စတာ ဒီဆယ်ဘလိုအန်က  ဂျာမနီနိုင်ငံအား ကိုးနဲ့ မိုက်မဲတဲ့တောင်းဆိုချက်တွေကို တမင်တောင်းဆိုနေတယ်လို့  ဂရိနိုင်ငံ ကစွပ်စွဲပြောကြားမှုကြောင့် ဆွေးနွေးပွဲ တွေ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
စေ့စပ်ညှိနှိုင်း  သဘောတူညီမှု တွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျာမနီရဲ့ ဖိအားပေးမှုကိုခံနေရတဲ့ ဒီဘယ်ဘလို အန်ကြောင့် ဆွေးနွေးမှုတွေ ပျက်ပြား ခဲ့ပါ တယ်။ ဂရိနိုင်ငံကတော့ရာဇသံပေး တာမျိုးကို လက်ခံမှာမဟုတ်ပါဘူးလို့ ဂရိ      ဒုတိယနိုင်ငံခြားရေးဝန်ကြီး ယူကလီ ဒစ်ဆာကာလိုတို့စ်က ပြော ပါတယ်။