ဗီယက်နမ်နိုင်ငံတွင်ကင်ဆာ ရောဂါကြောင့်သေဆုံးသူပေါင်း ၇၅၀၀၀ကျော်ရှိပြီးကင်ဆာရောဂါ ဖြစ်ပွားနေပြီဟုစတင်သိရှိသူပေါင်းမှာ တစ်သိန်းခွဲခန့်ရှိနေပြီဖြစ်ကြောင်းဗီယက်နမ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူ တစ ်ဦးကဆင်ဟွာသတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ကင်ဆာရောဂါဖြစ်ပွားမှုသည်ကမ္ဘာတစ်ဝန်းလုံးတွင်တစ်နှစ်ထက် တစ်နှစ်မြင့်တက်လျက်ရှိသကဲ့သို့ ဗီယက်နမ်နိုင်ငံတွင်လည်းကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လျက်ရှိကြောင်းဗီယက်နမ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Pham Le Tuan ကပြောကြားခဲ့ခြင်းဖြစ်သည်။ဗီယက်နမ်နိုင်ငံအမျိုးသား ကျန်းမာရေးမဟာဗျူဟာစီမံကိန်းအရ ၂၀၁၁ ခုနှစ်မှ၂၀၁၅ခုနှစ် အတွင်း ကင်ဆာရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ရေးတို့ကိုလုပ်ဆောင်ခဲ့ရာ အဆိုပါငါးနှစ်စီမံကိန်းကာလတွင် ကင်ဆာရောဂါဖြစ်ပွားနေသူပေါင်း ၅၃၂၀၀၀ ကိုတွေ့ရှိခဲ့ရသည်။ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့်ကင်ဆာ ရောဂါဆိုင်ရာ ဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးသူများ သည်ဗီယက်နမ်နိုင်ငံ၌ ကင်ဆာရောဂါ ကုသရာတွင်ကုန်ကျစရိတ်များပြားမှုများ၊ ကင်ဆာရောဂါသည်များအတွက်ကျန်းမာရေးအာမခံထားရှိမှုများ၊ ကင်ဆာ ရောဂါကုသရေး အတွက် ဆောင်ရွက် ထားရှိသည့်နည်းလမ်းများကို အဓိက ထား၍ ဆွေးနွေးခဲ့ကြကြောင်း ဗီယက် နမ်သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။
မယ်သီတာ
Background