Main menu

Background

ဗင်နွာတူနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်

Wed, 05/04/2016 - 14:27 -- journal_editor

  ဗင်နွာတူနိုင်ငံတွင်အင်အားရစ်ချ်တာစကေး ၇ အဆင့်ရှိ အင် အားအလွန်ပြင်းထန်သည့်ငလျင်တစ်ခု ဧပြီ ၂၉ရက်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံငလျင်တိုင်းတာရေးအဖွဲ့ကသတင်း ထုတ်ပြန်ခဲ့သည်။အဆိုပါငလျင် သည် ဗင်နွာတူနိုင်ငံ၏ အထင်ကရကျွန်း တစ်ကျွန်းဖြစ်သည့်မာလီကာလုကျွန်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးလူဂန်ဗယ်လီ၏တောင်ဘက်နှင့် အရှေ့တောင်ဘက် ၆၄ ကီလို မီတာအကွာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဗင်နွာတူငလျင်တိုင်းတာရေးအဖွဲ့က ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ဆူနာမီရေလှိုင်းများသည်သေးငယ်လွန်းသဖြင့် သာမန်ရေလှိုင်းလောက်သာရှိခဲ့ ကြောင်း ဆူနာမီသတိပေးချက်ထုတ် ပြန်ရေးကော်မတီကထုတ်ပြန်ကြေညာခဲ့သည်။ယခုကဲ့သို့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သော်လည်း မြို့တော်တစ်ဝိုက်တွင် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း၊ ငလျင်လှုပ် ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သော် လည်းနှစ်နာရီအကြာတွင် အဆိုပါသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း အမျိုးသားဆူနာမီသတိပေးချက်ထုတ်ပြန်ရေး စင်တာမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။အင်အားအလွန်ပြင်းထန်သည့်  ငလျင်လှုပ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိသည်ကို များစွာအံ့သြမိကြောင်း ပို့တ်ဗီလာမှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ မော့ဆက်စ်က ပြောကြားခဲ့သည်။''ငလျင်လှုပ်တုန်းက ယိမ်းထိုး နေတာ။ ဒါပေမယ့်သတိရလို့ လိုက်ကြည့်မိတော့ပျက်စီးဆုံးရှုံးမှုက မဆိုစလောက်ပါပဲ။ ကျွန်တော်တို့ ဗင်နွာတူနိုင်ငံအတွက်ကတော့ ငလျင်ဘေးဒဏ်က အမြဲခံစားနေရတာပါ''ဟု၎င်းင်းက ပြောကြားခဲ့သည်။ဗင်နွာတူနိုင်ငံသည်   မီးတောင်စက်ကွင်းအတွင်းတွင်  ကျ ရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
မယ်သီတာ