Main menu

Background

ဗီယက်နမ်အထည်ချုပ်လုပ်ငန်းများက ၂၀၂၀ ပြည့်နှစ်ကျော်လွန်ပြီး ဖွံ့ဖြိုးရေး ရည်မှန်းချက်ချမှတ်ဖို့ ဆန္ဒရှိ

Tue, 05/10/2016 - 15:27 -- journal_editor

  နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ ဖြစ်စေရန်အတွက်   အထည်ချုပ်လုပ် ငန်းရဲ့ ရည်မှန်းချက်ကို ၂၀၂၀ ပြည့်နှစ် အထိရည်မှန်းချက်ချမှတ်ထားရာမှ ၂၀၃၀ ပြည့်နှစ်အထိ ပြင်ဆင်ချမှတ်ရန်ဗီယက်နမ်ချည်မျှင်နဲ့အထည်ချုပ်လုပ် ငန်းရှင် များကဆန္ဒရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းမှာဖာ်ပြထားပါတယ်။လက်ရှိစီမံကိန်းကို ၂၀၁၄ ခုနှစ်ဧပြီကအတည်ပြုပေးခဲ့တာဖြစ်ပြီးဗီယက်နမ်နိုင်ငံအထည်ချုပ်ပို့ကုန် လုပ်ငန်းမှ ဝင်ငွေကို ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံမှ ၂၅ ဘီလီယံအတွင်းရရှိဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် အထည်ချုပ်လုပ်ငန်းကဏ္ဍရဲ့ ပို့ကုန်မှရရှိငွေက ၂၀၁၅ ခုနှစ် မှာပင် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံအထိရရှိခဲ့ပါတယ်။ချည်မျှင် နဲ့ အထည်ချုပ်စီး ပွားရေးလုပ်ငန်းအား လုံးက ပစိဖိတ်ဖြတ်  ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (TPP)၊ ဗီယက်နမ်-ကိုရီးယားလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် (VKFTA) နဲ့ဗီယက်နမ်အီးယူလွတ်လပ်စွာကုန်သွယ်မှု သဘောတူ စာချုပ် (VKFTA) တို့မှရရှိတဲ့အခွင့်အလမ်း များကို ထိထိရောက်ရောက်ရယူဆောင်ရွက်ခဲ့ပါတယ်။ဗီယက်နမ်ချည်မျှင်နဲ့အထည်ချုပ်လုပ်ငန်းအသင်းဝင် ကုမ္ပဏီအများအပြားမှာလုပ်ငန်းများ ဖျက်သိမ်းခြင်းသို့မဟုတ် ရပ်ဆိုင်းခြင်း များပြုလုပ်ရတဲ့အတွက် အထည်ချုပ်လုပ်ငန်းမှာစိန်ခေါ်မှုအမြောက်အမြားနဲ့ရင်ဆိုင်ခဲ့ရကြောင်း အသင်းဥက္ကဋ္ဌ ဗူဒပ်ဂျန်းက ပြောပါတယ်။ ဒါကြောင့်လက်ရှိ အခြေအနေနဲ့ကိုက်ညီပြီးပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် စီမံ ကိန်းကိုပြင်ဆင်ချမှတ်ဖို့အထည်ချုပ်လုပ်ငန်း တွေကဆန္ဒရှိနေပါတယ်။တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လိုက်လျောညီထွေရှိတဲ့ လုပ်ငန်းဖွံ့ဖြိုးမှုတွေ ရရှိစေနိုင်ဖို့အတွက် အစိုးရက ၂၀၄၀ ပြည့်နှစ်အ ထိ ရေရှည်စီမံကိန်းကိုချ မှတ်သင့်တယ်လို့ဆိုပါတယ်။ လက်ရှိဖွံ့ ဖြိုးတိုးတက်မှုနှုန်းအတိုင်းသွားရင်ဒီကဏ္ဍရဲ့ ပို့ကုန်ဝင်ငွေက ၂၀၂၀ ပြည့် နှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ မှ ၅၀ ကြားရှိလိမ့်မယ်လို့ ဗီယက်နမ် အထည်ချုပ်နဲ့   ချည်မျှင်လုပ်ငန်းရှင် များက ပြောပါတယ်။