Main menu

Background

အကူအညီများ လျှော့ယူလျှင် စင်ကာပူရှိ ထူထောင်စလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်ဟုဆို

Tue, 05/10/2016 - 15:41 -- journal_editor

   စင်ကာပူရှိ  ထူထောင်စလုပ်ငန်းများအနေဖြင့် အစိုးရက   ဆောင်ရွက်ပေးနေတဲ့အစီအစဉ်များနဲ့ အာမခံချေးငွေအမြောက်အမြားကို  လက်ခံရယူနိုင်တဲ့အနေအထားများရှိနေပေမယ့် အကူအညီကိုလျှော့ယူနိုင်ပါက ပိုမိုကောင်း မွန်ကြောင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်ကိုကိုးကားပြီး စီအင်န်အေသတင်းမှာဖော်ပြပါတယ်။''ထူထောင်စလုပ်ငန်းတွေကိုအကူအညီပေးတဲ့ အခါနည်းနိုင်သမျှနည်းအောင်ပေးပါ။ဒါမှသူ့သဘာ၀ အတိုင်းကိုယ့် အားကိုယ်ကိုးပြီး  ထိုးဖောက်တဲ့ ဖြစ်စဉ် တစ်ခုကိုတွေ့မြင်ရလိမ့်မယ်''လို ဖက်ရှင်ကုန်အမှတ် တံဆိပ် Ong Shunmugam ကို စတင်အုတ်မြစ်ချသူ ဒါရိုက်တာ မစ္စက်ပရက်စီလာရှန်မူဂမ်ကပြောပါ တယ်။''အကြံအစည်တစ်ခု၊ စီး ပွားရေးလုပ်ငန်းတစ်ခုသို့မဟုတ် ထုတ်ကုန်တစ်ခုတကယ်တမ်းကောင်းရင်သူတို့ကထူထောင်စလုပ်ငန်းအဆင့်ကနေကျော်သွားမယ်။ ဒီလိုဆောင်ရွက်နိုင်ရင်ငွေတွေ၊ကျွမ်းကျင် မှုတွေနဲ့ အကြံÓဏ်တွေကို သူတို့ကဆောင်ကျဉ်းလာ လိမ့်မယ်''လို့ ချန်နယ်နယူးအေရှသတင်းအေဂျင်စီက ပြုလုပ်တဲ့အဖွဲ့လိုက်ဆွေးနွေးပွဲမှာသူကပြောပါ တယ်။မကြာသေးမီကကျင်းပတဲ့ ပွဲတစ်ပွဲမှာဧည့်သည် တော်ကျွမ်းကျင်သူများကစွန့်ဦးတီထွင်မှုလုပ်ငန်းနဲ့ပတ်သက်ပြီး "Scaling- up Entrepreneurs:From Start-up to Enterprise" ဆိုတဲ့ခေါင်းစဉ်နဲ့ ထူထောင်စလုပ်ငန်းများကနေစီးပွားရေးလုပ်ငန်းအထိရောက်ရှိ အောင်ထူထောင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ လုပ်ငန်းထူေ ထာင်တဲ့အခါ မှန်ကန်တဲ့အဖွဲ့တွေရွေးချယ်ခန့်ထားရေးနဲ့ ၂၁ ရာစုမှာ မွေးဖွားခဲ့တဲ့မျိုးဆက်တွေက စွန့်ဦးတီထွင်သူကောင်းတွေဖြစ်နိုင်ပါ့မလားဆိုတဲ့အချက်ကို ဆွေးနွေးညှိ နှိုင်းခဲ့ကြပါတယ်။၂၁ ရာစုအဝင်မှာ  မွေးဖွားခဲ့သူတွေက ရဲရင့်ပြီးသူတို့ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်တတ်ကြောင်း မစ္စက်ရှန်မူဂမ်ကပြောပါတယ်။  တစ်ဖက်က ကြည့်ရင်လည်း သူတို့ကစွမ်းဆောင်ရည်ရှိတယ်လို့ယုံကြည်ကြ ပြီး အောင်မြင်မှုတွေရ ဖို့  မျှော်လင့်ချက် တွေရှိကြတယ် လို့ သူက ပြောပါတယ်။