Main menu

Background

နိုင်ငံခြားစီးပွားရေးလုပ်ငန်း အက်ဥပဒေချိုးဖောက်မှုကို ထိုင်းအစိုးရက တင်းတင်းကျပ်ကျပ် စစ်ဆေးမည်

Tue, 05/10/2016 - 15:52 -- journal_editor

   ပိုင်ဆိုင်မှုကိုအမည်ခံထားရှိပြီး နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေ (Foreign Business Act) ကိုနိုင်ငံခြားခရီးသွားလုပ်ငန်းများကချိုးဖောက်လျက် ရှိတဲ့သံသယဖြစ်ဖွယ်ရာများတွေ့ရှိနေကြောင်းနဲ့အဆိုပါကိစ္စမှာပါဝင် ပတ်သက်ဖွယ်ရှိနေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့  ဖူးခက်ဒေသရှိကုမ္ပဏီငါးခုကို စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးဌာနကစစ်ဆေးလျက်ရှိကြောင်း နေးရှင်းသတင်းမှာဖော်ပြပါတယ်။Zero-dollar Tour  လို့ခေါ်တဲ့ ဈေးနှုန်းသက်သာ စွာနဲ့ဆောင် ရွက်နေတဲ့ ခရီးသွားလုပ်ငန်းအုပ်စုများ အကြောင်းဝန်ကြီးချုပ်ထံ  တိုင်ကြားစာများရောက် ရှိပြီးနောက်ပိုင်းအဲဒီအမှုကိစ္စကို  ဖော်ထုတ်နိုင်ဖို့အတွက် အစိုးရဌာနနဲ့အခြားအေဂျင်စီတို့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးဖွံ့ဖြိုးမှုဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ပွန်ပန်းဂဲရာဗီရီယာပန်းက မေ ၂ ရက်မှာပြောပါတယ်။စစ်ဆေးရေးအဖွဲ့အနေနဲ့ဒီလိုအက်ဥပဒေချိုး ဖောက်မှုလုပ်ရပ်များကိုမတွေ့ရသေးပေမယ့်ထိုင်း နိုင်ငံသားများထက်ပိုမို ကာ နိုင်ငံခြားသား များက ကုမ္ပဏီပိုင်ဆိုင်မှုကို ရာခိုင်နှုန်း ၅၀ ကျော်အထိရယူ ထားခြင်းရှိမရှိ ကုမ္ပဏီတစ်ခုချင်းစီရဲ့ ဖွဲ့စည်းပုံများကို ဂရုတစိုက် လေ့လာလျက်ရှိပါတယ်။ကုမ္ပဏီများကိုစစ် ဆေးတဲ့အခါမှာ ကုမ္ပဏီများအနေနဲ့မှတ်ပုံတင်ထား ခြင်းမရှိ တဲ့ ဧည့်လမ်းညွှန်များကိုအသုံးပြုခြင်း၊ ခရီးစဉ် ဈေးနှုန်းများကို ပေးပို့မှုမရှိခြင်း၊ ခွင့်ပြုထားခြင်းမရှိတဲ့ နိုင်ငံခြားသားများကို ခန့်အပ်ခြင်းနဲ့ ဆေးဝါးတုများ ရောင်းချခြင်းအပါအဝင် အမှုတွဲပေါင်း ၃၀ ကို စစ် ဆေးတွေ့ရှိခဲ့ ပါတယ်။Zero-dollar Package Tour များကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေက လက်တွေ့မှာတန်ဖိုးကြီးတဲ့ ခရီး စဉ်များနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအောင် သူတို့ရဲ့ ဖောက်သည်တွေကို ဖိအားပေးအမြတ်ထုတ်လျက်ရှိ ပါတယ်။နိုင်ငံခြားသား များအတွက်အမည်ခံပေးခြင်း သို့မဟုတ် နိုင်ငံခြားသားများကတရားမဝင်ဆောင် ရွက်မှုကို အကူအညီပေးခြင်းမပြုရန် ပွန်ပန်းက ထိုင်းနိုင်ငံသားများကို သတိပေးထားပါတယ်။