Main menu

Background

စီးပွားရေးကျဆင်းမှုကို ရေရှည်ပြဿနာတစ်ရပ်အဖြစ် တောင်ကိုရီးယားလူမျိုးအများစုက ရှုမြင်

Wed, 05/11/2016 - 13:19 -- journal_editor

   ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့စီးပွားရေးကျဆင်းမှုကိုရေရှည် အကျပ်အတည်းအဖြစ်တောင်ကိုရီးယားလူမျိုး ၁၀ ဦးအနက် ရှစ်ဦးကျော်က ရှုမြင်ထားပြီး  အဆိုပါကျဆင်းမှုက နောက်ထပ်သုံးနှစ်ကျော်လောက်ကြာ ဦးမယ်လို့မေ ၁ ရက်ကထုတ်ပြန်တဲ့ စစ်တမ်းအစီရင်ခံစာကိုကိုးကားပြီး ယွန်းဟပ်သတင်းမှာဖော်ပြပါတယ်။ကိုရီးယားစက်မှုလုပ်ငန်းများ ဖက်ဒရေးရှင်းကပြုလုပ်တဲ့စစ်တမ်း အရပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုကိုမောင်းနှင်ပေးမယ့် အင်ဂျင်သစ်မွေး ဖွားနှုန်းကျဆင်းမှုနဲ့ သက်ကြီးရွယ်အိုလူဦးရေလျင်မြန်စွာတိုးတက်လာမှုကြောင့် ဖြစ်ရတဲ့နိုင်ငံရဲ့ လူလတ်ပိုင်းလူဦးရေ ကျဆင်းမှုစတဲ့ အချက်တွေအပါအဝင် စီးပွားရေးအခြေခံတွေကြောင့် ပြည် တွင်းစီးပွားရေး ကျဆင်းရတာဖြစ် တယ်လို့ယုံကြည်သူ ၈၄ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ကျန်တဲ့ ၁၂ ဒသမ ၉ ရာခိုင်နှုန်း ကတော့တိုင်းပြည်စီးပွားရေးကျဆင်း မှုက ရေတိုမျှသာဖြစ်လိမ့်မယ်လို့  ပြော ကြားပြီး တိုင်းပြည်စီးပွားရေးကျ ဆင်း နေတယ်လို့ ဆိုတဲ့အချက်ကိုတော့ ၉၇ ရာခိုင်နှုန်းကျော်က  ယုံကြည်နေကြပါတယ်။စစ်တမ်းကိုဧပြီ ၆ ရက်မှ ၁၈ ရက်အကြားကောက်ယူခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်နှင့်အထက်ရှိ တောင်ကိုရီးယားလူမျိုး ၈၀၀ ကိုစစ်တမ်းကောက် ယူခဲ့ တာဖြစ်ပါ တယ်။ စစ်တမ်းရဲ့ ယုံကြည်နိုင်မှုအဆင့်မှာ ၉၅ ရာခိုင် နှုန်းရှိပြီးမှားနိုင်တဲ့အနေအထား (Margin of Error) က (+) သို့မဟုတ် (-) ၃ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ စီးပွားရေးကျဆင်းမှုကြာမြင့်မည့် အချိန်နဲ့ပတ်သက် ၍ ဖြေကြား ရာမှာ ၆၆ ဒသမ ၇ ရာခိုင်နှုန်းက   သုံးနှစ်   သို့မဟုတ်အဲဒီထက်ပို၍ကြာမယ်လို့ ဖြေကြားပြီးတစ်နှစ်ကျော်မယ်။ ဒါပေ မယ့်သုံးနှစ်ထက်မပိုဘူးလို့ ဖြေကြားသူ က ၂၉ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။