Main menu

Background

အယ်လ်နီညိုကြောင့် အင်ဒိုနီးရှား၏ ဆီအုန်းအထွက်နှုန်း ကျဆင်းနိုင်

Tue, 10/10/2023 - 15:01 -- journal_editor

အယ်လ်နီညို၏ သက်ရောက်မှုကြောင့်  အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီအထွက်နှုန်းကျဆင်းနိုင်ကာ   စားအုန်းဆီကြမ်းဈေးနှုန်း များမှာ ၂၀၂၄ ခုနှစ်အတွင်း အနည်းဆုံး ၁၁ ရာခိုင်နှုန်း မြင့်တက်နိုင် ဖွယ်ရှိကြောင်း အင်ဒိုနီးရှား  ဆီအုန်းအသင်းက ခန့်မှန်းထားသည်။ ထုတ်လုပ်မှု  ကုန်ကျစရိတ်၊  သင်္ဘောစရိတ်နှင့်အာမခံအပါအဝင် ပျမ်းမျှ စားအုန်းဆီကြမ်းဈေးနှုန်းမှာ ယခုနှစ်တွင် မက်ထရစ်တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၉၀ဝ ခန့်ရှိရာမှ ၂၀၂၄ ခုနှစ်၌ ဒေါ်လာ ၁၀ဝ၀ သို့ မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရသည်။
ရုရှားနှင့် ယူကရိန်းပဋိပက္ခဒဏ်ခံစားနေရသည့်  နေကြာဆီ ကဲ့သို့ စားအုန်းဆီနှင့်အပြိုင် စားဆီများနှင့် စားအုန်းဆီ ရောင်းချမှု လျော့ကျလာခြင်းက ဟင်းသီးဟင်းရွက်ဆီများ၏ ဈေးနှုန်းများကို မြင့်တက်စေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် စားအုန်းဆီကို ခေါင်း လျှော်ရည်နှင့် သန့်ရှင်းရေးသုံးပစ္စည်းများတွင် ထည့်သွင်း၍ အသုံး ပြုကြပါသည်။ စားအုန်းဆီမှာ အာဂျင်တီးနား၊ ဘရာဇီး၊ ယူကရိန်းနှင့် ကနေဒါတို့တွင် အဓိကအသုံးပြုသည့် ပဲပုပ်ဆီ၊နေကြာဆီ၊ ပန်းနှမ်းဆီ တို့နှင့်ဈေးကွက်၌ အဓိက ယှဉ်ပြိုင်လေ့ရှိသည်။
ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီကြမ်း ထုတ်လုပ် မှုမှာ ယခင်နှစ်က ထုတ်လုပ်ခဲ့သည့်တန်ချိန် ၄၆ဒသမ၇ သန်းထက် ခန့်မှန်းတန်ချိန် တစ်သန်းခန့် ပိုမိုခဲ့ပါသည်။  ၂၀၂၄ ခုနှစ်၌မူ ရာသီ ဥတုအလွန်ခြောက်သွေ့သောကြောင့် ထုတ်လုပ်မှုပမာဏ ကျဆင်း နိုင်ဖွယ်ရှိနေသည်။ တစ်ဖက်တွင်မူ ဆီအုန်းဒုတိယအများဆုံး  ထုတ် လုပ်သည့် မလေးရှားနိုင်ငံ၌  အယ်လ်နီညိုဒဏ်  များစွာခံစားရဖွယ် မရှိသဖြင့် ၂၀၂၄ ခုနှစ်တွင် အထွက်နှုန်းတိုးနိုင်ကြောင်း သိရသည်။

 

ဒေါက်တာရွှေစင်ကို