Main menu

Background

ကမ္ဘာ့အကြီးမားဆုံး ပြောင်းတင်ပို့သည့်နိုင်ငံဖြစ်လာသည့် ဘရာဇီး

Mon, 01/01/2024 - 11:02 -- journal_editor

အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဌာန၏ အချက်အလက်များအရ ဘရာဇီးနိုင်ငံသည် ၂၀၂၃ ခုနှစ် သြဂုတ် ကောက်ရိတ်သိမ်းရာသီအပြီးတွင် အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ပြောင်းတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ဈေးကွက်၏ ၃၂ ရာခိုင်နှုန်းပမာဏရှိသည့်  ပြောင်း တန်ချိန် ၅၆ သန်းကို တင်ပို့နိုင်ခဲ့ပြီး ယခင်တင်ပို့မှုအများဆုံး အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်၏ ၃၂ ရာခိုင်နှုန်း ပမာဏရှိ သည့် ပြောင်းတန်ချိန် ၄၁ဒသမ၃ သန်းကို တင်ပို့ခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံမှ အမေရိကန်နိုင်ငံကို ပြောင်းတင်ပို့မှုတွင် ကျော်ဖြတ်နိုင်ခဲ့သည့် နောက်ဆုံးခုနှစ်မှာ ၂၀၁၃ ခုနှစ်ဖြစ်ပြီး အဆိုပါနှစ်တွင် အမေရိကန်နိုင်ငံ၌  ဆိုးရွားသည့် မိုးခေါင်မှုဖြစ်ပွားခဲ့သောကြောင့် ပြောင်းထုတ်လုပ်မှုတွင် အခက်အခဲများရှိခဲ့သောကြောင့်ဖြစ်ကြောင်း သိရှိရသည်။
ဘရာဇီးနိုင်ငံပြောင်းထုတ်လုပ်သူများအသင်း၊ ဒုတိယဥက္ကဋ္ဌကလည်း ဘရာဇီးနိုင်ငံတွင် ပြောင်း ထုတ်လုပ်မှုကို ထပ်မံမြှင့်တင်ရန်အတွက် စိုက်ပျိုးနိုင်သည့် မြေနေရာများစွာ ကျန်ရှိသေးကြောင်း ပြော ကြားခဲ့ပြီး အချို့အကြောင်းအရင်းများကလည်း ဘရားဇီးနိုင်ငံကို ယခုကဲ့သို့ နံပါတ်တစ်ပြောင်း တင်ပို့ သည့်နိုင်ငံဖြစ်လာစေကြောင်း သိရသည်။
ပထမအချက်အနေနှင့် အမေရိကန်နိုင်ငံ၏ နံပါတ်တစ် ပြောင်းတင်သွင်းသူ တရုတ်နိုင်ငံ သည် ပြောင်းတင်သွင်းနိုင်မည့်နေရာများကို ချဲ့ထွင်ရှာဖွေနေပြီး ဘရာဇီးနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း တိုးတက်လာမှုကြောင့် တောင်အမေရိကနိုင်ငံများနှင့် အာရှနိုင်ငံများအကြား ကုန် တင်ပို့မှု လမ်းကြောင်းမှာ စရိတ်စကသက်သာလာလျက်ရှိသည်။
ထို့အပြင် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ပြောင်းထုတ်လုပ်မှုများကို ဘိုင်အိုလောင်စာ ထုတ် လုပ်ခြင်း၊ ဖွဲနုထုတ်ယူခြင်းနှင့် ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်ခြင်းတို့တွင် ပိုမိုခွဲဝေအသုံးပြုနေမှုကြောင့် ပြောင်းတင်ပို့မှုကဏ္ဍ လျော့နည်းသွားရကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲနှင့် အမေရိကန်-တရုတ်တင်းမာမှုများ  မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာ သော ကမ္ဘာ့စားသောက်ကုန်  ကုန်သွယ်မှုကွက်လပ်ကို  ဘရာဇီးနိုင်ငံမှ ဖြည့်တင်းပေးပြီး ကမ္ဘာ့ အကြီး မားဆုံး စားသောက်ကုန်ထုတ်လုပ်ရာ နိုင်ငံဖြစ်လာစေရန်အတွက် ရှေ့သို့တက်လှမ်းနေကြောင်း သိရှိရ သည်။                                                    

  မြသူ(DOCA YGN), Source : Global Finance Magazine