Main menu

Background

ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားထုတ်လုပ်မှုများကို တရုတ် တိုးမြှင့်သွားမည်

Mon, 07/01/2024 - 16:08 -- journal_editor

ယခုနှစ်တွင်   တရုတ်နိုင်ငံမှ လျှပ်စစ်ကား  ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံ၌ ၎င်းတို့၏ထုတ်လုပ်မှုများ ကို တိုးမြှင့်သွားမည်ဟုသိရသည်။ ထိုင်း နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ပြော ကြားချက်အရ  တရုတ်နိုင်ငံမှ ကား ထုတ်လုပ်သူများသည် ယခုနှစ် တတိယ သုံးလပတ်တာ ကာလမှစတင်၍ ထိုင်း နိုင်ငံ၌ ထုတ်လုပ်မှုများကို စတင်သွား မည်ဖြစ်ပြီး ထိုင်းနိုင်ငံက လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
BYD နှင့် GAC Aion တို့သည် ယခုနှစ်၏  တတိယ  သုံးလပတ်နှင့် စတုတ္ထသုံးလပတ်တို့တွင် လျှပ်စစ်ကား ထုတ်လုပ်သွားမည်ဖြစ်ပြီး Changan မှာ ၂၀၂၅ အစောပိုင်းကာလတွင်   ပြည် တွင်း၌ ထုတ်လုပ်တပ်ဆင်မှုများစတင်သွားမည်ဟု ထိုင်းနိုင်ငံ  ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ်Narit Therdsteerasukdi  က   ပြောကြားခဲ့ သည်။ BYD သည် နှစ်စဉ်လျှပ်စစ်ကား အစီးရေ ၁၅၀ဝ၀ဝ ထုတ်လုပ်ရန် စီစဉ် ထားပြီးGAC Aion မှာ  နှစ်ဝက်တာ ကာလတွင်  လျှပ်စစ်ကား  အစီးရေ ၅၀ဝ၀ဝ ထုတ်လုပ်ရန်   ရည်ရွယ်ထား ကြောင်း သတင်းမီဒီယာများ၏အဆို အရသိရသည်။ Changan မှာ တစ်နှစ် လျှင် လျှပ်စစ်ကားအစီးရေ ၁၀ဝ၀ဝ၀ ထုတ်လုပ်မည်ဟု  ကြေညာထားပြီး ဘက်ထရီစွမ်းအင်သုံးယာဉ် အစီးရေ ၃၀ဝ၀ဝ မှ ၅၀ဝ၀ဝ  ကို စတင်ထုတ်လုပ် သွားမည်ဟု သိရသည်။ Great Wall Motor(GWM) Neta၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ    ဖက်စပ်ထုတ်လုပ်သည့်SAIC Motor-CPတို့သည်  ၎င်းတို့၏လျှပ်စစ်ကားများကို ထိုင်းနိုင်ငံရှိစက်ရုံ များတွင် စတင်ထုတ်လုပ်နေပြီဟု Mr- Narit  က ပြောကြားခဲ့သည်။
ဆက်လက်၍ Mr Naritက ပြည် တွင်းဈေးကွက်ရှိ   လျှပ်စစ်ကားများ အတွက် အစိတ်အပိုင်းများ ထောက်ပံ့မှု ကွင်းဆက်  ဖွံ့ဖြိုးတိုးတက်လာသည့် အတွက် လျှပ်စစ်ကားထုတ်လုပ်မှုများ မြင့်တက်လာရန်မျှော်လင့်ကြောင်း၊ ထို့ အတွက် ထိုင်းနိုင်ငံသည် ဒေသတွင်း၌ လျှပ်စစ်ကားထုတ်လုပ်သည့်  အချက် အချာ ဒေသဖြစ်လာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်သုံးနှစ်အတွင်း ဘုတ်အဖွဲ့ သည် လျှပ်စစ်ကား နယ်ပယ်အတွက် ဘတ် ၈၀ ဘီလီယံတန်ဖိုး  ပမာဏရှိ သည့် ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးခဲ့ ကာ လျှပ်စစ်ကား အစီးရေ ၄၀ဝ၀ဝ၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း   ပြောကြားခဲ့ သည်။  အဆိုပါ ပြောကြားမှုကို ၂၀၂၄ ခုနှစ်  မေ ၁၅ ရက်မှ   မေ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သော   တရုတ်နိုင်ငံမှ အဓိက လျှပ်စစ်ကား ထုတ်လုပ်သူများ တက်ရောက်သည့်     လျှပ်စစ်ကား ထောက်ပံ့မှု   ကွင်းဆက်ကဏ္ဍ  ရင်းနှီး မြှုပ်နှံမှုဘုတ်အဖွဲ့ စာတမ်းဖတ်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ရင်းနှီးမြှုပ်နှံမှု  ဘုတ်အဖွဲ့သည် ဘက်ထရီ ထုတ်လုပ်ခြင်းနှင့် လျှပ်စစ် ကား  အားသွင်းရုံများ တည်ဆောက် ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ခဲ့ပြီး ထိုင်းနိုင်ငံ  လျှပ်စစ်ကားလောက တိုးတက်ရန် မြှင့်တင်မှုများ   ပြုလုပ်ခဲ့ သည်။ ဘုတ်အဖွဲ့ အဆိုအရ တရုတ် လျှပ်စစ်ကား  ထုတ်လုပ်သူများသည် လျှပ်စစ်ကားအတွက် လိုအပ်သည့် အစိတ်အပိုင်းများကို  ထိုင်းနိုင်ငံထံမှ ဝယ်ယူရန် ဆုံးဖြတ်ထားပြီး ထိုင်းနိုင်ငံ ကလည်း လျှပ်စစ်ကား အစိတ်အပိုင်း စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။

Source; Bangkok Post
 မြသူ (DOCA-YGN)